လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

 

ရန်ကုန်    မေ    ၂


အမျိုးသားအဆင့်   လျှပ်စစ်သုံး ယာဉ်နှင့်   ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး   ဦးဆောင် ကော်မတီ၏      ခွင့်ပြုချက်ဖြင့် Essential Motor Co., Ltd. က တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် BYD Han အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များ၊ BYD Atto 3 အမျိုးအစားလျှပ်စစ် သုံးမော်တော်ယာဉ်များ၊  Super Seven Stars Motors Industry Co., Ltd. က တင်သွင်းလာသော ကိုရီးယားနိုင်ငံထုတ် KIA EV-6 အမျိုးအစား လျှပ်စစ်သုံးမော်တော် ယာဉ်များ၊ Win Motor Myanmar Co., Ltd. က တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Faw Toyota bZ4X အမျိုးအစား  လျှပ်စစ်သုံး မော်တော်ယာဉ်များ၊ Auto Top Power Co., Ltd. က တင်သွင်း လာသော       တရုတ်နိုင်ငံထုတ် Dongfeng Honda ENS1 အမျိုး အစား   လျှပ်စစ်သုံးမော်တော် ယာဉ်များနှင့်  Faw Toyota bZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော် ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်း သို့    ရောက်ရှိလာပါသဖြင့်   မေ  ၂ ရက်တွင် လုပ်ထုံးလုပ်နည်းနှင့် အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိသည်။


သတင်းစဉ်