လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ

 

နေပြည်တော် ဖေဖော်ဝါရီ ၂၂


အမျိုးသားအဆင့်  လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ   ဖွံ့ဖြိုး တိုးတက်ရေးဦးဆောင်ကော်မတီ၏    ခွင့်ပြုချက်ဖြင့်    Aung Gabar Motor Services Co., Ltd. က တင်သွင်းလာသော  တရုတ်နိုင်ငံထုတ် BAIC ARCFOX α T အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ တရုတ်နိုင်ငံထုတ် BAIC ARCFOX α S အမျိုးအစား လျှပ်စစ်သုံးမော်တော် ယာဉ်များ၊ တရုတ်နိုင်ငံထုတ် BAIC BEIJING EU5 Plus အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊   Auto Top Power Co., Ltd. က တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Faw Toyota bZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့်   N.P.K Motors Co., Ltd. က တင်သွင်းလာသော  တရုတ်နိုင်ငံထုတ်  Leapmotor, T03 (Luxury)အမျိုးအစား   လျှပ်စစ်သုံးမော်တော်ယာဉ်များ၊   တရုတ်နိုင်ငံထုတ် Leapmotor, C11 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့်  ယနေ့တွင် လုပ်ထုံးလုပ်နည်း နှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။                  

သတင်းစဉ်