လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

 

နေပြည်တော်    မေ    ၂၅


အမျိုးသားအဆင့်    လျှပ်စစ်သုံးယာဉ်နှင့်   ဆက်စပ်လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေး    ဦးဆောင်ကော်မတီ၏     ခွင့်ပြုချက်ဖြင့် NCX Myanmar Co., Ltd. မှ တင်သွင်းလာ‌သော Wuyang Honda အမျိုး အစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် ၁၉၂ စီးသည်  ရန်ကုန်ဆိပ်ကမ်း သို့  ရောက်ရှိလာသဖြင့်    ယနေ့တွင်      လုပ်ထုံးလုပ်နည်းနှင့်အညီ  ထုတ်ယူခွင့်ပြုခဲ့ကြောင်းနှင့် အဆိုပါလျှပ်စစ်သုံး မော်တော်ဆိုင်ကယ်များ တင်သွင်းမှုအတွက်     အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။                      

သတင်းစဉ်