လျှပ်စစ်သုံး မော်တော်ယာဉ်များနှင့် လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်များ ရန်ကုန်ဆိပ်ကမ်းရောက်ရှိ

နေပြည်တော်    ဇူလိုင်    ၁၁
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Super Seven Stars Motors Industry Co., Ltd. မှ တင်သွင်းလာသော ကိုရီးယား နိုင်ငံထုတ် KIA EV-6 အမျိုးအစား  လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Win Motor Myanmar Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် FAW AUDI ၊ Q4 E TRON-40  အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Asia Pacific Automaker Corporation Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ်   Dongfeng Nissan  အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များ၊  Essential Motors Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BYD ATTO 3 အမျိုးအစား လျှပ်စစ်သုံးမော်တော် ယာဉ်များ၊ Grand Sirius Co.,Ltd မှ တင်သွင်းလာသည့် တရုတ်နိုင်ငံထုတ် Geely Riddara RD6 အမျိုးအစား  လျှပ်စစ်သုံးမော်တော်ယာဉ်များ နှင့် Myanmar Arr Thit Man Motor Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် AIMA အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့်  ယနေ့တွင် လုပ်ထုံး လုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်