လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ

 

နေပြည်တော်  ဇူလိုင်   ၂၈


အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်  ဆက်စပ်လုပ်ငန်းများ   ဖွံ့ဖြိုး တိုးတက်ရေး   ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Asia Pacific Automaker Corporation Co., Ltd.က တင်သွင်းလာသော Jinpeng အမျိုးအစား လျှပ်စစ်သုံး သုံးဘီးမော်တော်ဆိုင်ကယ်အစီး ၅၀ နှင့် NCX Myanmar Co., Ltd. က တင်သွင်းလာ‌သော Wuyang Honda (U-Go) အမျိုးအစား  လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်   ၉၆   စီးသည် ရန်ကုန် ဆိပ်ကမ်းသို့  ရောက်ရှိသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပြီး      အဆိုပါ   လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း  သိရ သည်။              

သတင်းစဉ်