လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မိုးရာသီ သစ်ပင်စိုက်ပျိုး

 

နေပြည်တော်    ဇူလိုင်    ၄ 


လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏  မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်း အနားကို  ယနေ့  နံနက် ၈ နာရီခွဲ  တွင်     နေပြည်တော်ကောင်စီ နယ်မြေ    ဇေယျာသီရိမြို့နယ်ရှိ ရေအားလျှပ်စစ် အကောင်အထည် ဖော်ရေးဦးစီးဌာန     အမှတ် (၁) တည်ဆောက်ရေး (ပေါင်းလောင်း ဝင်း) အတွင်း၌ ကျင်းပသည်။


ရှေးဦးစွာ      ပြည်ထောင်စု ဝန်ကြီး ဦးအောင်သန်းဦး၊ ဒုတိယ ဝန်ကြီး ဦးသန့်စင်နှင့် အမြဲတမ်း အတွင်းဝန်    ဦးသန်းဇော်တို့က ရတနာတန်းဝင်   ကျွန်းပင်များကို လည်းကောင်း၊    ဝန်ကြီးဌာန လက်အောက်ရှိ      ဦးစီးဌာန၊ လုပ်ငန်းတို့မှ   ညွှန်ကြားရေးမှူး ချုပ်များ၊ ဦးဆောင်ညွှန်ကြားရေး မှူးများနှင့် ဌာနအကြီးအကဲများ က ပျိုးပင်များကို လည်းကောင်း သတ်မှတ်နေရာများတွင် တစ်ပြိုင်  တည်း စိုက်ပျိုးပေးကြသည်။


ထို့နောက် အရာထမ်း၊  အမှု ထမ်းများက      ပိတောက်၊   ကျွန်း၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ စွယ်တော်၊    မြန်မာ့ရှား၊ ငုရွှေ၊ ပုန်းညှက်၊ ကုက္ကို စသည့် ပျိုးပင်ပေါင်း ၁၀၀၀ စုပေါင်း      စိုက်ပျိုးကြသည်ကို   ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်  ဌာန အကြီးအကဲများက   လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း   သိရ သည်။

        သတင်းစဉ်