လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများဆိုင်ရာ ရင်းနှီးမြှုပ်နှံနိုင်မှုနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန်ကိစ္စရပ်များ တွေ့ဆုံဆွေးနွေး

နေပြည်တော်  အောက်တိုဘာ  ၁၃


ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌    ကျင်းပသော Russian Energy Week International Forum (REW 2021)သို့တက်ရောက်ရန်  မော်စကိုမြို့၌ ရောက်ရှိနေသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့်အဖွဲ့သည်  အောက်တိုဘာ ၁၂ ရက်တွင်  ရုရှားနိုင်ငံရှိ  လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဆိုင်ရာ  ကုမ္ပဏီနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူ များနှင့် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေး


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒေသစံတော်ချိန်   နံနက် ၁၀ နာရီခွဲတွင်   TMK ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကုမ္ပဏီမှ တည်ဆောက်ပြီးစီးခဲ့သော ကုန်းတွင်းရေနံပိုက်လိုင်း တည်ဆောက်မှုနည်းပညာများနှင့် လုပ်ငန်းအတွေ့ အကြုံများ  ရှင်းလင်းတင်ပြမှုကို ကြည့်ရှုခဲ့ပြီး သိရှိ လိုသည့်အချက်အလက်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့သည်။


ယင်းနောက်      ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်   ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် ရုရှား-မြန်မာချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် Mr. Sergey Kulagin ဦးဆောင်သော အဖွဲ့နှင့်  လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ  နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ၊ “ INSET ” အမှတ်တံဆိပ် အသေးစားနှင့်အလတ်စား ရေအားလျှပ်စစ်တာဘိုင် စက်များ၏    ထုတ်လုပ်တပ်ဆင်မှုဆိုင်ရာကိစ္စ၊ စွမ်းဆောင်ရည်မြင့်  အပူစွမ်းအင်သုံး  ဓာတ်အား ပေးစက်များ၏  စက်ပိုင်းဆိုင်ရာ  ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် PSB ဘဏ်မှ တာဝန်ရှိသူများ၊ STG-E Engineering မှ CEO တို့နှင့်အတူ ဘဏ်လုပ်ငန်းများ၏ ဝန်ဆောင်မှု ဆိုင်ရာကိစ္စရပ်များ၊ လုပ်ထုံးလုပ်နည်းများ၊ အနာဂတ်  အတွက်   ရင်းနှီးမြှုပ်နှံမှုများနှင့်  ရေနံတူးဖော် ထုတ်လုပ်ရေး အင်ဂျင်နီယာပိုင်းဆိုင်ရာ နည်းပညာ များအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ဒေသ စံတော်ချိန် ညနေ ၄ နာရီတွင် LLC (DOLSPECEXPORT)မှ တာဝန်ရှိသူနှင့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများ ဆိုင်ရာ  ရင်းနှီးမြှုပ်နှံနိုင်မှုနှင့်  နည်းပညာဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရ သည်။                                            

 

 သတင်းစဉ်