လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အငယ်တန်းအင်ဂျင်နီယာ(၂) လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၁) သင်တန်းဖွင့်ပွဲ ကျင်းပ

နေပြည်တော်   ဇူလိုင်   ၅


လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အငယ်တန်းအင်ဂျင်နီယာ(၂) လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း     အမှတ်စဉ် (၁/၂၀၂၁)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲ တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပသည်။ 


တက်ရောက်


အဆိုပါ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ ဒုတိယဝန်ကြီး ဦးသန့်စင်၊  အမြဲတမ်းအတွင်းဝန်၊ ဌာနအကြီးအကဲများ၊    သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီးက သင်တန်း တွင် စီမံခန့်ခွဲရေးဘာသာရပ်၊ ဘဏ္ဍာရေးဘာသာရပ် နှင့် ပစ္စည်းစီမံရေးဘာသာရပ်များကို သင်ကြားပို့ချ မည့်အပြင် အဓိကဘာသာရပ်ဖြစ်သည့် အင်ဂျင်နီယာ ဘာသာရပ်များတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်း ရေး၊ လျှပ်စစ်အန္တရာယ်/ဓာတ်လိုက်မှု ကင်းရှင်းရေး နှင့် ဓာတ်အားဖြန့်ဖြူးရောင်းချရာတွင် အသုံးပြုလျက် ရှိသည့် Analogue ၊ OMR ၊ AMR နှင့် AMI မီတာ စနစ်များ၊   ဓာတ်အားပျောက်ဆုံးမှု   လျော့နည်းရေး၊ ADMS  စနစ်နှင့် Pilot Project ဆောင်ရွက်နေမှုများ၊     ဓာတ်အားလိုင်း/ဓာတ်အားခွဲရုံများ  တည်ဆောက်မှု နည်းစနစ်များ၊    Earthing    or Grounding System အကြောင်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချ ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။


တွေ့ဆုံနှုတ်ဆက်


သင်တန်းသားများအနေဖြင့်     သင်တန်းမှ သင်ကြား ပို့ချချက်များ၊ အပြန်အလှန် ဆွေးနွေးခြင်း မှ ရရှိသည့် အသိပညာများ၊ သင်တန်းသားအချင်းချင်း ဖလှယ်ရသည့်    အတွေ့အကြုံအရ  တက်ကြွစွာဆောင်ရွက်ကြစေလိုကြောင်း၊ ဌာနအကျိုး၊ ပြည်သူ့ အကျိုး၊   နိုင်ငံ့အကျိုးကို   စိတ်ကောင်းစေတနာ အပြည့်ဖြင့် ဆောင်ရွက်နိုင်သည့် လျှပ်စစ်အင်ဂျင် နီယာများဖြစ်အောင်   ကြိုးပမ်းကြစေလိုကြောင်း ပြောကြားပြီး   သင်တန်းသားများကို  ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
အဆိုပါ  အငယ်တန်းအင်ဂျင်နီယာ(၂) လုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်း      အမှတ်စဉ်(၁/၂၀၂၁)တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သင်တန်းသား ၃၀ အား ရက်သတ္တ လေးပတ်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်