လျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

 

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော်  ၁၁  ရက်
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ  ၃၀  ရက်
ပြည်သူသို့ အသိပေးကြေညာခြင်း
လျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်ခြင်း
၁။    နိုင်ငံတော်၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် လျှပ်စစ် ဓာတ်အားရရှိရေးသည်  အဓိကကျသောကြောင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားပေး စက်ရုံကြီးများနှင့် ဓာတ်အားလိုင်းကြီးများ အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်း ခြင်းများကို ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများဖြင့် ဆောင်ရွက်ပြီး လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူ များသို့ တည်ငြိမ်သော လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ရာတွင် ဘဏ္ဍာရေး နှစ်အလိုက် ထုတ်လုပ်မှုစရိတ်မြင့်မားလာပါသဖြင့် ဓာတ်အားခနှုန်းထားများအား ပြင်ဆင်သတ်မှတ်ရန် လိုအပ်လျက်ရှိပါသည်။
၂။    သို့ဖြစ်ပါ၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ်၊ လျှပ်စစ်ဥပဒေပုဒ်မ ၄၁ နှင့်အညီ လျှပ်စစ် ဓာတ်အားခနှုန်းထား ပြင်ဆင်သတ်မှတ်ရန်ကိစ္စကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၄) ၏ သဘောတူညီချက်အရ  လျှပ်စစ်ဓာတ်အားခနှုန်းထားများကို အောက်ပါအတိုင်း  ပြင်ဆင်သတ်မှတ် သွားမည်ဖြစ်ပါသည်-

 

၃။    ယခုပြင်ဆင်သတ်မှတ်လိုက်သော  ဓာတ်အားခနှုန်းထားများသည်  ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်မှစ၍ အကျိုးသက်ရောက်မည်ဖြစ်ပါသည်။