
နေပြည်တော် ဇူလိုင် ၁၁
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရကျောင်းသား ကျောင်းသူများ ပညာရည်ချွန်ဆုချီးမြှင့်ခြင်း နှင့် ထူးချွန်ဆုရ ဝန်ထမ်းများ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ် (၂၇) ရဲရွာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယ ဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စု ဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းတို့မှ ဥက္ကဋ္ဌ များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများနှင့် မိဘများ၊ ထူးချွန်ဆုရ ဝန်ထမ်း များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေးသည် ကျောင်းသား ကျောင်းသူ တစ်ဦးချင်းစီအတွက် ဘဝရည်မှန်းချက်ဖြစ်သလို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုနိုင်သည့် လိုအပ် ချက်ဖြစ်ပါကြောင်း၊ ပညာတတ် များ၊ အသိပညာရှင်၊ အတတ်ပညာ ရှင်၊ ကျွမ်းကျင်ပညာရှင်များနှင့် သာ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက် အောင် တည်ဆောက်နိုင်မည်ဖြစ် ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာတွင် လူသားအရင်း အမြစ်သည် အဓိကဖြစ်သဖြင့် ပညာရေးကို တိုးတက်အောင် တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်ထက်မြက်စွာ အောင်မြင် ကြသည့် ကျောင်းသား ကျောင်းသူ များအနေနှင့် ပညာရည်မြင့်မား တိုးတက်ပြီး အနာဂတ်မြန်မာ နိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူ ပြုနိုင်မည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းရတနာများ ဖြစ်ကြ ပါစေကြောင်းနှင့် ထူးချွန်ဝန်ထမ်း များအနေဖြင့်လည်း ကျရာတာဝန် ကျေပွန်ပြီး လုပ်ငန်းစွမ်းဆောင် ရည်မြင့်မားသော ဝန်ထမ်း ကောင်းအဖြစ် နိုင်ငံ့အကျိုးကို သယ်ပိုး ဆောင်ရွက်နိုင်ကြပါစေ ရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင် နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူများနှင့် ထူးချွန်ဆုရဝန်ထမ်းများကိုလည်း ကောင်း၊ ပြည်ထောင်စုဝန်ကြီး၏ ဇနီးက ငါးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူများနှင့် ထူးချွန်ဆုရဝန်ထမ်းများကိုလည်း ကောင်း၊ ဒုတိယဝန်ကြီးက ငါးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူများနှင့် ထူးချွန် ဆုရဝန်ထမ်းများကို လည်း ကောင်း၊ ဌာနအကြီးအကဲများက လေးဘာသာဂုဏ်ထူး၊ သုံးဘာသာ ဂုဏ်ထူး၊ နှစ်ဘာသာဂုဏ်ထူး နှင့် တစ်ဘာသာဂုဏ်ထူးတို့ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူများနှင့် ထူးချွန်ဆုရဝန်ထမ်းများကိုလည်း ကောင်း ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြပြီး ဂုဏ်ထူးရကျောင်း သား ကျောင်းသူများကိုယ်စား ခြောက်ဘာသာဂုဏ်ထူးရှင် တစ်ဦး က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ - ၂၀၂၄ ပညာ သင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင် ခြောက်ဘာသာဂုဏ်ထူးရှင် လေးဦး၊ ငါးဘာသာဂုဏ်ထူးရှင် ခြောက်ဦး၊ လေးဘာသာဂုဏ်ထူး ရှင် လေးဦး၊ သုံးဘာသာဂုဏ်ထူး ရှင် လေးဦး၊ နှစ်ဘာသာဂုဏ်ထူး ရှင် ရှစ်ဦး၊ တစ်ဘာသာဂုဏ်ထူး ရှင် ၁၅ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၁၁၃ ဦး စုစုပေါင်း ၁၅၄ ဦးနှင့် ထူးချွန်ဝန်ထမ်း ၁၈ ဦးတို့ကို ဝန်ကြီး ဌာနမှ ထိုက်တန်စွာဂုဏ်ပြုချီးမြှင့် ခဲ့ကြောင်း သိရသည်။ သတင်းစဉ်