လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ကယားပြည်နယ် လွိုင်ကော်ပင်မဓာတ်အားခွဲရုံ ကြည့်ရှုစစ်ဆေး

 

လွိုင်ကော်   မတ်   ၁၆


လျှပ်စစ်စွမ်းအား     ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည်  ယမန်နေ့မွန်းလွဲပိုင်းက ကယား ပြည်နယ် လွိုင်ကော်မြို့ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံး ဝန်ထမ်း များကို   အဆိုပါရုံး၌  တွေ့ဆုံအမှာ စကားပြောကြားပြီး ၁၃၂ ကေဗွီ  လွိုင်ကော်   ပင်မဓာတ်အားခွဲရုံ ကို    သွားရောက်      ကြည့်ရှု စစ်ဆေးသည်။

 


ထိုသို့တွေ့ဆုံစဉ်     ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာကပြည်နယ် အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးထားမှု    အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး က ဝန်ထမ်းများအားလုံး မိသားစု သဖွယ်      စည်းလုံးညီညွတ်စွာ  ပူးပေါင်းဆောင်ရွက်သွားကြရန်၊ လျှပ်စစ်အန္တရာယ်   ကင်းရှင်းရေး နှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း များ      ပုံမှန်ဆောင်ရွက်သွားရန်၊ ဓာတ်အား     ပြတ်တောက်မှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်း ကျဆင်းရေး အလေးထားဆောင် ရွက်ရန်၊ ဘဏ္ဍာရေးကဏ္ဍ အထူး ဂရုပြု ဆောင်ရွက်သွားရန်မှာကြား ကာ ဝန်ထမ်းများ၏ အခက်အခဲ များကို ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးသည်။

 


ယင်းနောက် ကယားပြည်နယ် အတွင်းရှိ ၁၃၂ ကေဗွီ၊ ၁၁၀ အမ်ဗွီ အေ လွိုင်ကော် ပင်မဓာတ်အား ခွဲရုံသို့     သွားရောက်စစ်ဆေးရာ ခေတ္တခွဲရုံမှူးနှင့် တာဝန်ရှိသူများ က ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေး နေမှု အခြေအနေများကို ရှင်းလင်း တင်ပြကြပြီး   ဒုတိယဝန်ကြီးက  ဓာတ်အားခွဲရုံ      ကြံ့ခိုင်ရေးနှင့်  ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်  ပုံမှန်ထိန်းသိမ်း စစ်ဆေးဆောင် ရွက်ရန်၊     လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးနှင့် လုပ်ငန်းတာဝန် များ လစ်ဟင်းမှုမရှိစေရေး၊ လုံခြုံ ရေးအသိ၊ သတိဖြင့် ဝန်ထမ်းများ အားလုံး       စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင် ရွက်သွားကြရန် မှာကြားသည်။

 


ထို့နောက်     ဒုတိယဝန်ကြီး သည်   Switch  Yard   အတွင်း ဓာတ်အားလွှတ်    ပစ္စည်းများ၏ အခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး     ဝန်ထမ်းများ၏ လိုအပ်ချက်များကို      ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်