
နေပြည်တော် နိုဝင်ဘာ ၁၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်သည် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ရုံးနှင့် ဒက္ခိဏသီရိမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး တို့၌ ဒေသခံပြည်သူများ လျှပ်စစ်မီတာခများပေးသွင်းနေမှုနှင့် နေပြည်တော်အဝင်စစ်ဆေးရေး ဂိတ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့ နယ် လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် ဒက္ခိဏသီရိမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများသို့ရောက်ရှိပြီး ဒေသခံ ပြည်သူများ လျှပ်စစ်မီတာခများပေးသွင်းနေမှုကို ကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားကာ နှာခေါင်းစည်းများ ဖြန့်ဝေပေးကြ သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် နေပြည်တော်အဝင် စီလမ်းဆုံ စုပေါင်း စစ်ဆေးရေးဂိတ်နှင့် ပန်းတင် စုပေါင်းစစ်ဆေးရေး ဂိတ်တို့၌ နေပြည်တော်အတွင်း ဝင်ရောက်လာသည့် ပြည်သူများကို ကျန်းမာရေးစစ်ဆေးဆောင်ရွက် နေမှုကို ကြည့်ရှုအားပေးပြီး ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ နှာခေါင်းစည်းများ ဖြန့်ဝေ ပေးကြကာ တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ် ပန်းတင်ကျေးရွာ
အမှတ် (၁၀) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများ ကို ကြည့်ရှုအားပေးပြီး နှာခေါင်းစည်းများ ဖြန့်ဝေပေး ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်