လှည်းကူးမြို့နယ်၊ မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် ပဲခူးမြို့တို့ရှိ ရေဘေးသင့်ပြည်သူများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

 

နေပြည်တော် အောက်တိုဘာ ၁၀


ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ် ကျောက်ကုတင်ကျေးရွာ အုပ်စု   ကဒစ်ကျေးရွာ၊ မှော်ဘီ မြို့နယ် မြောင်းတကာကျေးရွာနှင့် တိုက်ကြီးမြို့နယ်  ဖလုံကျေးရွာ အုပ်စု      စပါးကိုင်းကျေးရွာတို့ ၌  အောက်တိုဘာ  ၉  ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သ ဖြင့်    ရန်ကုန်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်       နယ်မြေခံ တပ်မတော်သားများက ရေဘေး သင့်ပြည်သူများအား   ရေဘေး ကင်းလွတ်သည့်    နေရာများနှင့် ယာယီကယ်ဆယ်ရေး  စခန်းများ သို့    ကူညီကယ်ဆယ်ရွှေ့ပြောင်း ခြင်း၊ မော်တော်ယာဉ်များ သွား လာနိုင်ရေး ကူညီဆောင်ရွက်ပေး ခြင်း၊ ကျန်းမာရေးစောင့်ရှောက် ခြင်းလုပ်ငန်းများ    ဆောင်ရွက် ပေးလျက်ရှိသည်။


ထိုသို့      ဆောင်ရွက်နေမှုများကို ယနေ့တွင်   တိုင်းမှူး     ဗိုလ်ချုပ် ဇော်ဟိန်းနှင့်   တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများပေးအပ် ကာ   လိုအပ်သည်များ   ညှိနှိုင်း ဆောင်ရွက်ပေးသည်။


အလားတူ   ပဲခူးတိုင်းဒေသ ကြီး ပဲခူးမြို့နယ်၌ အောက်တိုဘာ ၇ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်    နေရာများသို့ ယနေ့တွင်        တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများက ကွပ်ကဲမှုအောက်ရှိ    နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊  လူမှုရေးအသင်းအဖွဲ့များက ရေဘေးသင့်   ပြည်သူများအား ယာယီ    ကယ်ဆယ်ရေးစခန်း များသို့ ရွှေ့ပြောင်းကူညီပေးနေမှု များကို    သွားရောက်ကြည့်ရှု အားပေးပြီး    စားသောက်ဖွယ်ရာ များနှင့် ထောက်ပံ့ငွေများ ပေးအပ် ကာ   လိုအပ်သည်များ   ညှိနှိုင်း ဆောင်ရွက်ပေးသည်။ 


အဆိုပါ   ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးမြို့၏စိုးရိမ်ရေအမှတ်အထက် ၁၁၉   စင်တီမီတာ    ကျော်လွန် ရောက်ရှိနေပြီဖြစ်ကြောင်း သတင်း ရရှိသည်။                

သတင်းစဉ်