မန္တလေး ဇန်နဝါရီ ၁၀
ပန်းချီစိုးမောင် (အမရပူရ) ၏ လင်းအိမ်ငယ်ရဲ့ အဇ္ဈတ္တအလွန် အမည်ရ ပထမအကြိမ် တစ်ကိုယ်တော် ပန်းချီပြပွဲကို ဇန်နဝါရီ ၁၁ ရက်မှ ၁၃ ရက်အထိ အောင်မြေသာစံ မန္တလေး တောင် ပန်းချီပြခန်း၌ ကျင်းပမည်ဖြစ်သည်။
ပန်းချီကားများကို ဘဝ၊ ဒဿန၊ရသ အလှတရား ၊ နှလုံးသားနှင့် ကြိုးစားရေးဖွဲ့ တင်ပြထားသည်ဟု ပန်းချီဆရာ က ပြောသည်။ ပြပွဲကို နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ ပြသမည်ဖြစ်ရာ မည်သူမဆိုလာရောက် ကြည့်ရှု လေ့လာနိုင်ရန် ဖိတ်ခေါ်ထားသည်။
ခင်ခင်ဝင်း(ပညာရေး)



