
မန္တလေးတိုင်းဒေသကြီးတွင် လမ်းအရေအတွက်ပေါင်း ၇၄ လမ်း၊ မိုင်အရှည် ၁၆၀၈ မိုင် ၃ ဖာလုံ ၃၆၄ ပေ၊ ပေ ၁၈၀ အထက် တံတား ၆၉ စင်း၊ ပေ ၁၈၀ အောက် (Box Culvert အပါအဝင်) တံတား ၅၃၅၈ စင်းရှိကာ ခရီးလမ်းပန်းအဆင်ပြေစွာဖြင့် စည်ပင်ဖွံ့ဖြိုးနေသည့် မြန်မာနိုင်ငံ၏ တတိယမြို့တော်ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီးသည် လမ်းပန်းဆက်သွယ်ရေးဆုံရာဒေသနှင့် စီးပွားရေးအချက်အချာကျရာ ဒေသလည်းဖြစ်သည်။ ထိုကြောင့် တိုင်းဒေသကြီးအတွင်း လမ်းကွန်ရက်၊ တံတားကွန်ရက် ကောင်းမွန် စေရန်အတွက် အဆင့်မြှင့်တင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို တိုင်းဒေသကြီး လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပေ ၆၀ အထက် တံတားကြီးများ အဆင့်မြှင့်တင် ဆောင်ရွက်မှုအနေဖြင့် စုစုပေါင်းတံတား ၁၈စင်း ဆောင်ရွက်ခဲ့သည်။
တိုင်းဒေသကြီးအတွင်းရှိ လမ်း ကွန်ရက်များ အဆင့်မြှင့်တင်ခြင်းကို ကြိုးပမ်းဖော်ဆောင်ရာတွင် ရွာသစ်-ထနောင်းကိုင်းလမ်းပိုင်းသည် တစ်ခုအပါ အဝင် ဖြစ်သည်။ ရွာသစ်-ထနောင်းကိုင်း လမ်းပိုင်းကို အဆင့်ဆင့်မြှင့်တင်ခဲ့ရာ ယခုအခါ ၁၈ ပေ အကျယ် ကတ္တရာလမ်း အဖြစ် ပြည်သူများ အဆင်ပြေစွာ အသုံး ပြုနိုင်အောင် အဆင့်မြှင့်တင်ဆောင်ရွက် ခဲ့ပြီဖြစ်သည်။
ထို့အတူ ချမ်းသာကုန်း - စကားအင်း အဝိုင်း - တံတားဦး အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းလမ်းကို အဆင့်မြှင့်တင်ခဲ့ သည်။ ထိုသို့ အဆင့်မြှင့်တင်နိုင်ခဲ့သည့် အတွက် စဉ့်ကိုင်မြို့နယ်အပိုင်းတွင် ၂၄ ပေ အကျယ် (အသွား - အပြန်) ကတ္တ ရာလမ်း(၄မိုင်)၊ တံတားဦးမြို့နယ်အပိုင်း တွင် ၂၄ ပေ အကျယ် (အသွား-အပြန်) ကတ္တရာ ကွန်ကရစ်လမ်း (AC) (၂မိုင် ၃၄၀ပေ)နှင့် ကတ္တရာလမ်း (၁မိုင် ၇ဖာလုံ ၁၀၅ပေ) ဖြစ်ပေါ်ခဲ့ပြီ ဖြစ်သည်။
တိုင်းဒေသကြီးအတွင်းရှိ မြင်းခြံ-မြစ်သား-ရေဝန်းလမ်း (မိုင် ၀/၀-၅၃/၇) (၅၃မိုင် ၇ဖာလုံ) အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ယခုအခါ မိုင် (၀/၀ မှ ၂၀/၇) အထိ ၂၀ မိုင် ၇ဖာလုံ (၂၄ပေ အကျယ် ကတ္တရာ လမ်း)ကို Gulf Power Construction Co.,Ltd မှ B.O.T စနစ်ဖြင့် ဆောင်ရွက် လျက်ရှိသည်။ ထို့အတူ မိုင် ၂၀/၇ မှ ၃၉/၅ အထိ ၁၈ မိုင် ၆ ဖာလုံ ၁၈ ပေ အကျယ် ကတ္တရာလမ်း (၁ မိုင် ၆ဖာလုံ ၄၅၇ပေ)နှင့် ၂၄ပေ အကျယ် ကတ္တရာလမ်း (၁၆မိုင် ၇ ဖာလုံ ၂၀၃ပေ)အား မြင်းခြံခရိုင် လမ်းဦးစီးဌာမှ လည်းကောင်း၊ မိုင် (၃၉/၅ မှ ၅၃/၇)အထိ ၁၄ မိုင် ၂ ဖာလုံ ၁၈ ပေ အကျယ် ကွန်ကရစ်လမ်း (၁ မိုင် ၃ဖာလုံ ၄၇၆ပေ)နှင့် ၁၈ ပေ အကျယ် ကတ္တရာ လမ်း (၁၂မိုင် ၆ ဖာလုံ ၁၈၄ ပေ)အား ကျောက်ဆည်ခရိုင် လမ်းဦးစီးဌာနမှ လည်းကောင်း တာဝန်ယူဆောင်ရွက် လျက်ရှိသည်။
မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီး နားလမ်း (မိုင် ၀/၀-၄၉/၄)အထိ ၄၉ မိုင် ၄ ဖာလုံ)သည် ပြည်သူများ အသုံးပြုများ သည့် လမ်းပိုင်းတစ်ခုဖြစ်ပြီး မန္တလေး တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက် ပိုင်း)တို့ကို ဆက်သွယ်ထားသောလမ်းဖြစ် သည်။ ယခုအခါ ၄၈ ပေ ၊ ၇၂ပေ ကတ္တရာကွန်ကရစ် (AC) လမ်းမကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့ပြီ ဖြစ်သည်။
တိုင်းဒေသကြီးအတွင်းရှိ ကျောက် ဆည်မြို့သည် ဖွံ့ဖြိုးတိုးတက်လာသော မြို့ပြနှင့် စက်မှုလုပ်ငန်းများ ပေါ်ထွန်းလာ ကာ မြို့တွင်းမှတစ်ဆင့် ကုန်တင်ယာဉ် ကြီးများ ဖြတ်သန်းသွားလာမှုများသည့် အခြေအနေတည်ရှိခဲ့သည်။ ထို့ကြောင့် ကုန်တင်ယာဉ်ကြီးများ မြို့ရှောင်လမ်းမှ တစ်ဆင့် အဆင်ပြေစွာ ကူးသန်း သွားလာနိုင်ရန်အတွက် ကျောက်ဆည် မြို့ရှောင်လမ်းအား ၇၂ ပေ အကျယ် ကွန်ကရစ်လမ်းနှင့် ဇော်ဂျီမြစ်ကူးတံတား အမှတ်(၂) (၇၂ ပေ၊ ၆လမ်းသွား)တို့ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အပြီး ဆောင်ရွက်နိုင်ခဲ့သည်။
တိုင်းဒေသကြီး လမ်းဦးစီးဌာနသည် ပြည်သူများ ခရီးလမ်းပန်း အဆင်ပြေစွာ သွားလာနိုင်ရန်အတွက် လမ်းကွန်ရက် ပေါ်ရှိ တံတားကွန်ရက်များကိုလည်း တစ်ပြေးညီမြှင့်တင်ခဲ့ရာ ကျောက်ဆည် မြို့နယ် (ကျောက်ဆည်-တံတားဦးလမ်း)ပေါ်တွင် ဒွေးလှတံတားကို တည်ဆောက် ပေးနိုင်ခဲ့သည်။ အဆိုပါ တံတားသည် အပေါ်ထည် သံကူကွန်ကရစ်၊ သံကူကွန် ကရစ်ကြမ်းခင်း၊ အောက်ထည် သံကူ ကွန်ကရစ်၊ အုတ်မြစ် 1m ø Bored Pile တံတားအမျိုးအစားဖြစ်ပြီး တံတား အရှည် ၅၄ ဒသမ ၈၆ မီတာ (၁၈ ဒသမ ၃ မီတာ X ၃ခန်း)၊ ယာဉ်သွားလမ်း အကျယ် ၇ ဒသမ ၃၅မီတာနှင့် လူသွား လမ်းအကျယ် ၀ ဒသမ ၉ မီတာဖြင့် နှစ်ဖက်ပါရှိသည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် (မြစ်သား-ရွာသာ-သပြေတောင်းလမ်း)တွင် ပေါက်ချောင်းတံတားကို တည် ဆောက်ပေးနိုင်ခဲ့သည်။ တံတားအမျိုး အစားသည် အပေါ်ထည် သံကူကွန်ကရစ်၊ သံကူကွန်ကရစ်ကြမ်းခင်း၊ အောက်ထည် သံကူကွန်ကရစ်၊ အုတ်မြစ် 1m ø Bored Pile ဖြစ်ကာ တံတားအရှည် ၆၇မီတာ (၁၅ ဒသမ ၂၅ မီတာ x ၂ ခန်း + ၁၈ ဒသမ ၃ မီတာ X ၂ ခန်း)၊ ယာဉ်သွားလမ်းအကျယ် ၇ ဒသမ ၃၅ မီတာနှင့် လူသွားလမ်း အကျယ် ၀ ဒသမ ၉ မီတာဖြင့် နှစ်ဖက် ပါရှိသည်။
တိုင်းဒေသကြီးအတွင်းရှိ လမ်းပိုင်း များ အဆင့်မြှင့်တင်ရာ B.O.T စနစ်ဖြင့် လည်း ဆောင်ရွက်နေသည်များရှိပြီး စုစုပေါင်း ၆၉၃ မိုင် ၃ ဖာလုံ ပေ ၃၇၀ ရှိကြောင်း သိရသည်။ B.O.T စနစ်ဖြင့် Oriental Highway Company မှ ၇ မိုင် ၅ ဖာလုံ၊ သော်တာဝင်းဆောက်လုပ်ရေး ကုမ္ပဏီမှ ၁၀၉ မိုင် ၅ ဖာလုံ ပေ ၃၇၀၊ တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေး ကုမ္ပဏီမှ ၇၈ မိုင် ၁ ဖာလုံ၊ ယုဇနကုမ္ပဏီမှ ၅၃ မိုင် ၂ ဖာလုံ၊ မြတ်နိုးသူကုမ္ပဏီမှ ၁၃၆ မိုင် ၂ဖာလုံ၊ သန္တိသစ္စာကုမ္ပဏီမှ ၄၁ မိုင် ၃ဖာလုံ၊ ဆုထူးပန်ကုမ္ပဏီမှ မိုင် ၄၀ ၄ ဖာလုံ၊ သာယာဦးကုမ္ပဏီမှ ၅၃ မိုင် ၃ဖာလုံ၊ ထွန်းညိုလူကုမ္ပဏီမှ ၅၅ မိုင် ၁ဖာလုံ၊ Gulf Power Construction Companyမှ မိုင် ၂၀ ၇ ဖာလုံ၊ ကောင်းမွန် ကုမ္ပဏီမှ ၅ မိုင် ၆ ဖာလုံနှင့် နဒီရွှေဝါ ကုမ္ပဏီမှ ၂၅ မိုင် ၄ ဖာလုံ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အချုပ်အားဖြင့် ဆိုရသော် လူဦးရေ (၆,၁၀၂,၁၀၂)ကျော် နေထိုင်ကာ ခရိုင် ခုနစ်ခရိုင်၊ မြို့နယ် ၂၈ မြို့နယ်၊ ရပ်ကွက် (၂၈၂)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၄၁၄)အုပ်စု၊ ကျေးရွာပေါင်း ၄၇၉၉ ရွာ တို့ဖြင့် ဖွဲ့စည်းထားသည့် တိုင်းဒေသကြီးအတွင်း တစ်နေရာနှင့်တစ်နေရာ ဆက်သွယ် သွားလာရာတွင် ခရီးမလင့်ဘဲ အဆင်ပြေ စွာ သွားလာနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ချမ်းမြေ့မောင်