လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် စာစစ်ဌာနများမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာ့အသံမှ ထုတ်လွှင့်ကြေညာပေးမည်

 

နေပြည်တော်    ဇွန်    ၁၆


၂၀၂၂  ခုနှစ်  တက္ကသိုလ်ဝင်စာမေးပွဲ  အောင်စာရင်းများကို  တစ်ပြည်လုံးအတွက်  တစ်ပြိုင်တည်း    တစ်ရက်တည်းဖြင့်   အပြီးထုတ်ပြန်ကြေညာသွားမည်ဖြစ်ရာ   လမ်းပန်းဆက်သွယ်ရေးခက်ခဲသော  တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာန များ၏ အောင်စာရင်းများကို ဇွန်လ ၁၇ ရက်နေ့  နံနက် ၆ နာရီတွင်  မြန်မာ့အသံ (ရေဒီယို) တိုင်းရင်းသားအစီအစဉ်များမှ စတင်ထုတ်လွှင့် ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။

 


ထုတ်လွှင့်ပေးမည့် စာစစ်ဌာနများမှာ ကချင်ပြည်နယ်မှ တနိုင်း၊ ရှင်ဗွေယန်၊ ချီဖွေ၊ ဆဒုံး၊ ဖားကန့်၊ ကာမိုင်း၊ မိုးမောက်၊ မြို့သစ်၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ ပူတာအို၊ လေယာဉ်ကွင်း၊ ခေါင်လန်ဖူး၊ ဆွမ်ပရာဘွမ်၊ မချမ်းဘောနှင့် နောင်မွန် စာစစ်ဌာန၊ ကယားပြည်နယ်မှ လွိုင်ကော်၊ ဘော်လခဲ၊  ဖားဆောင်းနှင့် မယ်စဲ့စာစစ်ဌာန၊ ကရင် ပြည်နယ်မှ လိပ်သို၊ ဖာပွန်၊ ကမမောင်း၊ ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံ၊ တံခွန်တိုင်နှင့် သင်္ကန်းညီနောင်စာစစ်ဌာန၊ ချင်းပြည်နယ်မှ ဖလမ်း၊ တွန်းဇံ၊ ကျီခါး၊ တီးတိန်၊ မတူပီ၊  ပလက်ဝနှင့်  ဆမီးစာစစ်ဌာန၊ ရခိုင် ပြည်နယ်မှ မောင်တောနှင့် တောင်ပြိုလက်ဝဲ စာစစ်ဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှ မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပျဉ်းနှင့် မက်မန်းစာစစ်ဌာန၊  ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ  ကွမ်းလုံ၊ ဟိုပန်၊ လောက်ကိုင်၊ မိုးမိတ်၊ မကျည်းပင်၊ မဘိမ်းနှင့်  ငါးအိုးစာစစ်ဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ပင်ခွန်၊ တင်းထက်၊ ဆောင်းပြောင်း၊ ထီရယ်၊ လွယ်ဘောင်း၊ ကွန်ဟိန်း၊ မိုင်းကိုင်၊ ကျေးသီး မံစံ၊ မိုင်းနောင်၊ မိုင်းရှူး၊ ဝမ်ကန်၊ မိုင်းပန်၊ တုန်ဟုန်းနှင့်  မောက်မယ် စာစစ်ဌာန၊ တနင်္သာရီတိုင်းဒေသကြီးမှ မေတ္တာ၊ ကျွန်းစု၊ ကတ္တလူ၊ စခန်းသစ်၊ ကံမော်၊ သဇင်၊  ပုလော၊  ပလောက်၊  ပလ၊  ဘုတ်ပြင်းနှင့် ပြည်ကြီးမဏ္ဍိုင်စာစစ်ဌာန၊  မကွေးတိုင်းဒေသကြီးမှ ပေါက်၊ ရေပြာ၊ ပခုက္ကူ၊ ကမ္မ၊ ဝါဇီ၊ မြစ်ခြေ၊  စေတုတ္တရာ၊ ဘူး၊ တန့်လည်ကျင်း၊ ငဖဲ၊ ပဒါန်း၊ ရေစကြို၊ ပခန်းကြီး၊ ဆော၊ ဂန့်ဂေါ၊ ကျောနှင့် ဟံသာဝတီ စာစစ်ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးမှ မော်လိုက်၊ ကင်းတပ်၊ ပန်းသာ၊ ဖောင်းပြင်၊ မင်းယား၊ သရောင်း၊ ရေအောက်တောင်း၊ မိုင်းချောင်း၊ စန္ဒား၊ လေရှီး၊  ဆွမ္မရာ၊ ပန်ဆပ်၊ လဟယ်၊ နန်းယွန်း၊ ပန်ဆောင်၊ ကလေးဝ၊ မစိန်၊ ကြာပင်၊ ပန်းဆက်၊ တန့်ဆည်၊ ဒီပဲယင်း၊ ခင်ဦး၊ မြင်းမူ၊ ကသာ၊  ကောလင်း၊  ဝန်းသို၊  ဂျိုတောင်၊  အင်းတော်၊ ရေတွင်းကုန်း၊ မဲဇာ၊ မော်လူး၊ ဗန်းမောက်၊ ပင်လည်ဘူး၊  ဘုတလင်၊  အရာတော်၊ ပုလဲ၊ ကနီနှင့် ဆားလင်းကြီး စာစစ်ဌာန၊ ရန်ကုန်တိုင်းဒေသကြီးမှ ကိုကိုးကျွန်းစာစစ်ဌာနတို့ဖြစ်ပါသည်။

 

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ကြေညာချက်များကို မြန်မာနိုင်ငံအထက်ပိုင်းဒေသ လမ်းပန်းဆက်သွယ် ရေးခက်ခဲသော တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စာစစ်ဌာနများ အတွက်  လှိုင်းတို (၅၀ ဒသမ ၇၁ မီတာ)၊ (၅၉၁၅ ကီလိုဟက်ဇ်)မှ  လည်းကောင်း၊     မြန်မာနိုင်ငံအောက်ပိုင်းဒေသ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စာစစ်ဌာနများအတွက် လှိုင်းလတ် (၄၁၁ ဒသမ ၅၂ မီတာ)၊ (၇၂၉ ကီလိုဟက်ဇ်) မှလည်းကောင်း ဖမ်းယူနားဆင်နိုင်ကြောင်း  သတင်းရရှိသည်။         

သတင်းစဉ်