လမ်းပိတ်အတားအဆီးများ ရှင်းလင်းနေမှုကို ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းကြပ်မတ်

ရန်ကုန် မတ် ၂၁ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်)ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများ သည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အင်းစိန်လမ်း၊ မရမ်းကုန်းမြို့နယ် အောင်သိဒ္ဓိလမ်း၊ သာကေတမြို့နယ် မြင်တော်သာ လမ်းတို့တွင် တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက် လိုသူများက ပိတ်ဆို့ထားသော အတားအဆီးများ ဖယ်ရှားရှင်းလင်းနေမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ထိုသို့ ဖယ်ရှားရှင်းလင်းရာတွင် ပိတ်ဆို့ထား သော သဲအိတ်များ၊ အုတ်ခဲကျိုးများ၊ မြောင်းဖုံး ကျောက်ပြားများ၊ ဓာတ်တိုင်ဟောင်းများ၊ ကား တာယာများ၊ ခုတ်လှဲထားသည့် သစ်ပင်သစ်ကိုင်း များကို တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာဝန်ထမ်းများနှင့် ပြည်သူများက အတူတကွ ပူးပေါင်းကာ စက်ယန္တရား များ၊ မြေသယ်ယာဉ်များအသုံးပြု၍ ဖယ်ရှားရှင်းလင်း ခြင်း၊ လမ်းများကို ဆေးကြောခြင်းများ ဆောင်ရွက် လျက်ရှိသည်။ ယနေ့တွင် တာမွေမြို့နယ် ကျားကွက်သစ် ရပ်ကွက်တွင် မြေသယ်ယာဉ် သုံးစီး၊ သာကေတ မြို့နယ် သုမနလမ်း၊ မြင်တော်သာလမ်းတို့တွင် Loader ယာဉ် တစ်စီး၊ မြေသယ်ယာဉ် ငါးစီး၊ စမ်းချောင်းမြို့နယ် ဗားဂရာလမ်းသွယ်များတွင် မြေသယ်ယာဉ် တစ်စီးဖြင့် လည်းကောင်း၊ အတား အဆီးများကို ဖယ်ရှားရှင်းလင်းပြီး မင်္ဂလာတောင်ညွန့် မြို့နယ် ဗညားဒလလမ်း၊ စက်ရုံလမ်း၊ ဦးအောင်မြတ် လမ်း၊ ကျောက်တံတားမြို့နယ် အနော်ရထာလမ်း၊ ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းတို့တွင် အတား အဆီးများမှ ကျန်ခဲ့သည့် သဲ၊ ခဲ၊ အမှိုက်များသိမ်းဆည်း ရှင်းလင်းခြင်း၊ လမ်းရေဆေးခြင်းများ ဆောင်ရွက် ကြောင်း သိရသည်။ သတင်းစဉ်