လမိုင်းမြို့နယ် လမိုင်းမြို့-သောင်ပြင်ကျေးရွာသွား ကားလမ်းပေါ်ရှိ ကော့လူစစ် သံကူကွန်ကရစ်တံတားကို PDF အမည်ခံအကြမ်းဖက်သမားများက ဒေသန္တရ လက်လုပ်မိုင်းဖြင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

 

နေပြည်တော်  ဇန်နဝါရီ  ၂၇
မွန်ပြည်နယ်   ရေးခရိုင်   လမိုင်း မြို့နယ် လမိုင်းမြို့ - သောင်ပြင် ကျေးရွာသွား   ကားလမ်းပေါ်ရှိ ဒေသခံပြည်သူများက   ကိုယ်ထူ ကိုယ်ထဖြင့်   တည်ဆောက်ထား သည့် အရှည် ပေ ၃၀ ၊ အကျယ် ၁၂  ပေရှိ        ကော့လူစစ်သံကူ ကွန်ကရစ်တံတားအား    PDF အမည်ခံ အကြမ်းဖက်သမားများ က    ယနေ့  ညနေ ၃ နာရီခွဲခန့် တွင်   ဒေသန္တရလက်လုပ်မိုင်းဖြင့် မိုင်းထောင်      ဖောက်ခွဲဖျက်ဆီး ခဲ့သည်။
မိုင်း      ဖောက်ခွဲမှုကြောင့်  လမိုင်းမြို့ဘက်ခြမ်း ကမ်းကပ်ခုံ အုတ်တိုင်   တစ်တိုင်၊    တံတား လက်ရန်းများနှင့်    မြေသားများ အက်ကွဲပြိုကျ ပျက်စီးခဲ့ကြောင်း နှင့် အဆိုပါ တံတားပျက်စီးခဲ့မှုကိုဒေသခံပြည်သူများမှ    ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင် ရွက်လျက်ရှိကြောင်း   သတင်း ရရှိသည်။                သတင်းစဉ်