
လက်တွဲမဖြုတ်တမ်း လျှောက်လှမ်းစို့လေ အင်န်စီအေ
* စည်းလုံးညီညီ၊ မခွဲပြီဟု
ပြည်သာယာမှု၊ စဉ်ရှေးရှု၍
ပေါင်းစုမကြာ၊ တည်ထောင်ပါကြ
သာစွရွှေပြည်၊ ရောက်စေရည်ကာ
အင်န်စီအေခေါ်၊ လမ်းကြောင်းပေါ်သို့
တွဲခေါ်လက်ချင်း၊ အပစ်ရပ်ခြင်းဖြင့်
ပြည်တွင်းငြိမ်းချမ်း၊ မြတ်သောလမ်းဝယ်
လက်ကမ်းတူလျှောက်၊ ခရီးပေါက်ခဲ့။
* တွက်စစ်ခုခါ၊ ရှစ်နှစ်ကြာဟု
ချိန်ခါရောက်တိုင်၊ မယိမ်းယိုင်ဘဲ
ခိုင်ကျည်စိတ်ဓာတ်၊ ရင်ချင်းအပ်၍
မြင့်မြတ်စိတ်ထား၊ ပြန်လှန်ထားကာ
မခြားတူညီ၊ အင်န်စီအေဆီ။
* နိုင်ငံ့အရေး၊ ပြည့်အရေးကို
ချင့်တွေးစိတ်စော၊ ပြုသဘောနှင့်
နှီးနှောပါမှ၊ စိတ်အေးရလိမ့်
များစွပြည်သူ၊ ပူပင်ကင်းစွ
ငြိမ်းချမ်းကြအောင်၊ ကြိုးပမ်းဆောင်လျက်
မပျက်လျှောက်လှမ်း၊ အင်န်စီအေလမ်းကို
မျှော်မှန်းခိုင်ကျည်၊ အရှည်တည်ဖို့
ညီညာတွဲလက် တူချီတက်စို့။
* ခြေတည်ရင်းပြု၊ ယုံကြည်မှုဖြင့်
ပေါင်းစုညီညာ၊ ပြည်ရွာအရေး
အေးချမ်းသာစေ၊ မတွေဝေဘဲ
ခိုင်မြဲတည်ကြည်၊ သွေးစည်းညီလျက်
ရှေ့ဆီဆက်ကာ၊ လျှောက်လှမ်းပါစို့။
* ဒီမိုကရေစီ၊ ဖက်ဒရယ်တည်ဖို့
တူညီစိတ်ထား၊ နိုင်ငံသားတို့
အားထားမျှော်နေ၊ အင်န်စီအေကို
မသွေလိုက်နာ၊ မခွာတွဲလက်
အဖျက်ရန်များ၊ မှုမထားဘဲ
သွေးသားချင်းချင်း ပခုံးချင်းထပ်
ရင်ချင်းအပ်၍
မပြတ်လုံ့လ၊ ဝီရိယနှင့်
နေ့ညအစဉ်၊ သတိယှဉ်လျက်
ချစ်ခင်လက်တွဲ ထိန်းသိမ်းစို့...။
ဘိုမျိုး(ရွှေဘို)