
နေပြည်တော် ဩဂုတ် ၂၉
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ် သင်တန်းကျောင်း၊ နေပြည် တော်တွင် ဖွင့်လှစ်သည့် လက် ထောက် ညွှန်ကြားရေးမှူးများ နှင့် ဦးစီးအရာရှိများ လုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံ သင်တန်း၊ အမှတ်စဉ် (၄/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည် တော်ရှိ ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပ သည်။
ဖွင့်ပွဲအခမ်းအနားသို့ ပြည် ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦး၊ ဒုတိယစာရင်း စစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက် ကြပြီး ချင်းပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ သင်တန်းသားများ က Online ဖြင့် တက်ရောက် ကြသည်။
သင်တန်းဖွင့်ပွဲတွင် ပြည် ထောင်စုစာရင်းစစ်ချုပ်က ယခု သင်တန်းတွင် စစ်ဆေးခြင်း အမျိုး အစားအလိုက် လိုက်နာကျင့်သုံး ရမည့် စာရင်းစစ်စံများကို အခြေခံ သည့်ဘာသာရပ်များ၊ ဌာနတွင်း စစ်ဆေးခြင်းနှင့် ရုံးလုပ်ငန်း စီမံ ခန့်ခွဲမှုဆိုင်ရာများကို သင်ကြား ပို့ချသွားမည်ဖြစ်ရာ တန်ဖိုးထား လေ့လာ မှတ်သားကြစေလို ကြောင်း၊ စာရင်းစစ်ဝန်ထမ်း သင်တန်းသားများ အနေဖြင့် ပြည်သူ့ဘဏ္ဍာ လေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် စစ်ဆေး ထိန်းကျောင်းပေးသည့် လုပ်ငန်း တာဝန်ကို ကျေပွန်စွာထမ်းဆောင် ခြင်းဖြင့် မိမိဌာန၊ အဖွဲ့အစည်း မှ အားထားရပြီး ကျင့်ဝတ် စောင့်ထိန်းလိုက်နာသော ဝန်ထမ်း ကောင်းများဖြစ်စေရေး ကြိုးစား ကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်း ကိုင်နှင့် စာရင်းစစ်သင်တန်း ကျောင်း၌ တာဝန်ရှိသူက သင်တန်း ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
အဆိုပါသင်တန်းတွင် ရုံးချုပ်၊ တိုင်းဒေသကြီး၊ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများနှင့် ဒေသစာရင်းစစ် ရုံးများမှ လက်ထောက်ညွှန်ကြား ရေးမှူး တစ်ဦးနှင့် ဦးစီးအရာရှိ ၉၅ ဦးတို့ကို စာသင်ခန်းရောက် ဖြင့် လည်းကောင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာ ဝတီတိုင်းဒေသကြီးတို့မှ လက် ထောက်ညွှန်ကြားရေးမှူး သုံးဦး နှင့် ဦးစီးအရာရှိ ၁၂ ဦးတို့ကို Online ဖြင့် လည်းကောင်း ဩဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၂၅ ရက် အထိ ရက်သတ္တ လေးပတ်ကြာ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။ သတင်းစဉ်