
ရန်ကုန် ဇန်နဝါရီ ၅
(၇၄) နှစ်မြောက် လွတ်လပ် ရေးနေ့ အထိမ်းအမှတ်အဖြစ် ဗီယက်နမ် ဆီးဂိမ်းပြိုင်ပွဲ အတွက် ရည်ရွယ်၍ စခန်း သွင်း လေ့ကျင့်နေသည့် ကာယဗလ မောင်/မယ် များ၏ လက်ရည်စစ်ကာယ ဗလပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာ တောင်ညွန့်မြို့နယ် မြန်မာ နိုင်ငံ ကာယဗလနှင့် ကာယ ကြံ့ခိုင်မှု အားကစားအဖွဲ့ ချုပ်တွင် ကျင်းပသည်။
အဆိုပါပြိုင်ပွဲတွင် ကိုယ် အလေးချိန် ၇၀ ကီလို အောက် ကာယဗလမောင် ပြိုင်ပွဲ၊ ၇၀ ကီလိုအထက် ကာယဗလမောင် ပြိုင်ပွဲ၊ ကာယဗလ မောင်များ အလွတ်တန်း ပြိုင်ပွဲ၊ အမျိုးသမီးကာယ ဗလမယ် ပြိုင်ပွဲ၊ အမျိုးသား+အမျိုး သမီး စုံတွဲပြိုင်ပွဲများက အပြည်ပြည်ဆိုင်ရာ သတ် မှတ် ကိုယ်ဟန်ပြခုနစ်မျိုး တို့ဖြင့် ယှဉ်ပြိုင်ကြသည်။
ထို့နောက် ပြိုင်ပွဲများ အပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ ရန်ကုန် မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ဒုတိယ မြို့တော်ဝန်၊ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးညီညီတို့က ပထမ၊ ဒုတိယ၊ တတိယနှင့် ကြိုးစားမှု အထူးဆုရရှိသူ များကို ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။
အလားတူ လွတ်လပ် ရေးနေ့ကို ဂုဏ်ပြုသော အားဖြင့် သန်လျင်မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနက ကြီးမှူးကျင်းပ သော လေးယောက်တွဲ၊ နှစ်ယောက်တွဲ ပိုက်ကျော် ခြင်း ပြိုင်ပွဲများနှင့် တစ်ဦး ချင်း စားပွဲတင် တင်းနစ် ပြိုင်ပွဲများ ယှဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယရရှိ ကြသူများ ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့် ကြောင်း သိရသည်။
သတင်းနှင့်
ဓာတ်ပုံ-အာကာစိုး