
နေပြည်တော် မေ ၁၆
ပဲခူးတိုင်းဒေသကြီး လက်ပံတန်း မြို့နယ် ရေငံကျေးရွာတွင် မေ ၁၅ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများ နှစ်ဖက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရေငံကျေးရွာမှ ဒေသခံတစ်ဦးကို သတ်ဖြတ်ခဲ့ကာ ပြည်သူ ၃၀ ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မဟုတ်မမှန် လုပ်ကြံရေးသားထား သည့် သတင်းတု၊ သတင်းအမှား များဖြင့် တရားမဝင်ပြည်ဖျက် မီဒီယာများက ဝါဒဖြန့်ဝေနေ သည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက် ၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရေငံ ကျေးရွာမှ ဒေသခံတစ်ဦးကို သတ်ဖြတ်ခြင်းနှင့် ပြည်သူ ၃၀ ကို ဖမ်းဆီးခေါ်ဆောင်သွားသည်မှာ မှန်ကန်မှုမရှိကြောင်း၊ ၎င်းရက်နေ့ တွင် ရေငံကျေးရွာနှင့် အနီး ဝန်းကျင်များတွင် အကြမ်းဖက် သမားများနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲ မေ ၁၃ ရက်က ရေငံကျေးရွာနှင့် ထန်းတော ကျေးရွာ ကျေးရွာချင်းဆက် လမ်းပေါ်တွင် အကြမ်းဖက်သမား များက မိုင်းထောင်ရန် ဆောင်ရွက် နေကြောင်း တာဝန်သိပြည်သူ တစ်ဦး၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူ များ ထိခိုက်မှုမရှိစေရန်အတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်း များဆောင်ရွက်ခဲ့ရာ အကြမ်းဖက် သမားများ ထိခိုက်ဒဏ်ရာများစွာ ဖြင့် ထွက်ပြေးသွားခဲ့သည်။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင် များက ကျေးရွာချင်းဆက်လမ်း ပေါ်ရှိ အကြမ်းဖက်သမားများ မိုင်းထောင်နေသည့် နေရာအား ရှင်းလင်းခဲ့ရာ လက်လုပ်မိုင်း သုံးလုံး၊ ဝိုင်ယာကြိုးသုံးခွေနှင့် ဘက်ထရီအိုး နှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ထန်းတော ကျေးရွာအနီးမှ ဗုံးစထိမှန်ဒဏ်ရာ များဖြင့် သေဆုံးနေသော အကြမ်း ဖက်သမား အလောင်းနှစ်လောင်း နှင့်အတူ လက်လုပ်မိုင်းများ၊ ဖောက်ခွဲရေး ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။
တရားမဝင်ပြည်ဖျက်မီဒီယာ များသည် တပ်မတော်အပေါ် နိုင်ငံ ရေးအရ ထိုးနှက်တိုက်ခိုက်ရန် နှင့် ဂုဏ်သိက္ခာကျဆင်းစေရန် အတွက် မြေပြင်အခြေအနေနှင့် လွဲမှားနေသည့် သတင်းတု၊ သတင်းအမှားများကို လုပ်ကြံ ရေးသားပြီး ပြည်သူများ အထင် အမြင်လွဲမှားစေရန် လူမှုကွန်ရက် စာမျက်နှာများတွင် ရည်ရွယ်ချက် ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်