လက်နက်မှုဖြင့် စွပ်စွဲဖမ်းထားသူတစ်ဦးကို ထောင်ထဲမှခေါ်ထုတ်ပြီး ပစ်သတ်ဟု မဟုတ်မမှန်လုပ်ကြံရေးသား

 

နေပြည်တော်  ဖေဖော်ဝါရီ  ၂၃


လက်နက်မှုဖြင့်      စွပ်စွဲဖမ်းထားသူတစ်ဦးကို ဖေဖော်ဝါရီ ၁၆ ရက်က ထောင်ထဲမှ ခေါ်ထုတ်ပြီး ပစ်သတ်ဟူသော ခေါင်းစဉ်ဖြင့် DVB TV News အမည်ခံ Facebook Page က ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန်  မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။


ဖြစ်စဉ်အားစိစစ်ရာ  ဖျာပုံအကျဉ်းထောင်၌ ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၉ နာရီခွဲတွင် အခြား အမှုဖြင့်  အမှုရင်ဆိုင်လျက်ရှိသည့်  အချုပ်သား ၅ ဦးကိုသာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံ ရုံးထုတ်ပေးခဲ့ပြီး ယင်းအချုပ်သား ၅ ဦးကိုလည်း ယင်းနေ့ ညနေ ပိုင်း၌ အကျဉ်းထောင်သို့ အပြည့်အဝ ပြန်လည် အပ်နှံခဲ့သဖြင့် လက်ခံရရှိခဲ့ကြောင်း၊ ရုံးထုတ်ပေးရာ တွင်လည်း သက်ဆိုင်ရာတရားရုံးမှ တရားသူကြီး၏ ရီမန်ဖြင့်သာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံသို့ စနစ်တကျ လွှဲပြောင်း၍ ရုံးထုတ်ပေးလျက်ရှိကြောင်း တာဝန် ရှိသူတစ်ဦး၏  ပြောကြားချက်အရ  သိရသည့် အတွက် DVB TV News အမည်ခံ Facebook Page တွင်   ဖော်ပြမှုသည်   ပြည်သူလူထုအနေဖြင့် အုပ်ချုပ်ရေးအဖွဲ့ အစည်းများအပေါ် အထင်အမြင် လွဲမှားစေရန်နှင့် ထင်ယောင်ထင်မှား ဖြစ်စေရန် အဖျက်အမှောင့် ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် လုပ်ကြံရေးသားထားခြင်းသာဖြစ်သည်။ အဆိုပါ လုပ်ကြံသတင်းမျိုးကို စာမတတ်၊  စာမဖတ်သူ၊ အတွေးအခေါ်ညံ့ဖျင်းသူ၊ ဉာဏ်ရည်နည်းသူ လူ တစ်စုလောက်သာ ယုံကြည်မည်ဖြစ်ရာ DVB အနေ ဖြင့်လည်း သူ့အဆင့်အတန်းကို ဖော်ပြရာရောက် သည်ဟု ဝေဖန်သူတစ်ဦးကဆိုသည်။  

သတင်းစဉ်