လှိုင်သာယာမြို့နယ်များ ဖွံ့ဖြိုးရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

 

ရန်ကုန်  နိုဝင်ဘာ  ၇


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်    စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်)   ဦးညီညီ၊   အတွင်းရေးမှူး ဦးညွန့်ဖေတို့သည် ယနေ့နံနက်ပိုင်းက လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ရန်ကုန်-ပုသိမ် ကားလမ်းမ ဘေး       မြို့နယ်စုပေါင်းရုံးနှင့်    ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေး   စီမံကိန်းလုပ်ငန်းခွင်နှင့် လှိုင် သာယာ(အရှေ့ပိုင်း)မြို့နယ် ရေစီးရေလာ ကောင်းမွန် ရေးနှင့်  သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး သည်။

 


ရှေးဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် ရန်ကုန်-ပုသိမ် ကားလမ်းမ ဘေး ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် နှင့် အနော်ရထာ စက်မှုဇုန်ရှေ့တွင် ဧရာနဂါးကုမ္ပဏီ နှင့်  မောင်နှမသုံးဖော်ကုမ္ပဏီတို့မှ  အကောင်ထည် ဖော်   ဆောင်ရွက်နေသည့်   မြို့နယ်စုပေါင်းရုံးနှင့် ဝန်ထမ်းအိမ်ရာ      တည်ဆောက်ရေးစီမံကိန်းသို့ လှည့်လည်ကြည့်ရှုစစ်ဆေးကာ    လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ရာတွင် စုပေါင်းရုံး မြေဧရိယာ   ၁ ဒသမ ၄၃၄ ဧက၊   ခန်းမမြေဧရိယာ ၀  ဒသမ  ၄၈  ဧက၊     ဝန်ထမ်းအိမ်ရာမြေဧရိယာ  ၃ ဒသမ ၇၂၅ ဧက၊ စိမ်းလန်းမြေဧရိယာ ၁ ဒသမ ၃၅ ဧက၊ ပေ ၄၀ လမ်း ဧရိယာ ၅ ဒသမ ၅၁ ဧက အသုံးပြုတည်ဆောက်လျက်ရှိကြောင်း သိရသည်။

 


ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင် သာယာ(အရှေ့ပိုင်း)မြို့နယ်    ရန်ကုန်-ပုသိမ်  ကား လမ်းမဘေး စက်မှုဇုန် (၂)ရှေ့၌ ရေမြောင်းအရှည်ပေ ၁၃၀၀၀ အတွင်း  ပိန်းပင်များ၊  မှော်၊  ဒိုက်၊  အမှိုက် နှင့်  မြောင်းချေးတို့ကို  ဆယ်ယူရှင်းလင်းနေမှုနှင့် ရေမြောင်းဝဲ/ယာ   သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်း များ အမြန်ပြီးစီးရေးအတွက် စက်ယန္တရား ထပ်မံ ဖြည့်တင်း ဆောင်ရွက်ရန်နှင့် ယခုရေမြောင်းအပိုင်း ပြီးစီးပါက    ဆက်လက်ရှင်းလင်းသွားရန်တို့ကို မှာကြားသည်။ 


သတင်းစဉ်