
နေပြည်တော် ဇွန် ၉
၂၀၂၁ ခုနှစ် မတ် ၁၄ ရက်တွင် လှမျိုးအောင်(ခ) ကိုမျိုး(ခ)ဝက်ကြီး ခေါင်းဆောင်သည့် အင်အား ၂၀ ခန့်သည် တုတ်၊ ဓား များ ကိုင်ဆောင်၍ လှိုင်သာယာ မြို့နယ် အောင်မေတ္တာရပ်ကွက်၌ အိမ်ငှားနေထိုင်သူ အမျိုးသမီး တစ်ဦး၏နေအိမ်သို့ ရောက်ရှိ လာပြီး ညဘက်သံပုံးမတီးသဖြင့် သူလျှို၊ ဒလန်ဟုစွပ်စွဲကာ စစ်ဆေး မည်ဟု ပြောဆို၍ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း နှင့် ဖမ်းဆီးခေါ်ဆောင်သွားသည့် တရားခံ လှမျိုးအောင်(ခ)ကိုမျိုး (ခ)ဝက်ကြီးကို ဖမ်းဆီးရမိခဲ့သည့် သတင်းကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ဖမ်းဆီးရမိတရားခံ လှမျိုး အောင်(ခ)ကိုမျိုး(ခ)ဝက်ကြီး၏ ထွက်ဆိုချက်များ အရ ၂၀၂၁ ခုနှစ် မတ် ၁၄ ရက် ည ၉ နာရီခန့်တွင် လှမျိုးအောင်(ခ) ကိုမျိုး(ခ) ဝက်ကြီး ခေါင်းဆောင်ပြီး မြင့်မြင့် အေး၊ တင်ထွန်းအောင်(ခ)မိုးလျှံ၊ သန့်ဇော်ဦးနှင့် မင်းမင်း(ခ)အောင် မင်းဦးအပါအဝင် လှိုင်သာယာ မြို့နယ် အောင်မေတ္တာရပ်ကွက် အတွင်းရှိ ဆူပူအကြမ်းဖက်သူ ၂၀ ခန့်သည် အဆိုပါရပ်ကွက် အတွင်း နေထိုင်သည့် အပြစ်မဲ့ ပြည်သူအမျိုးသမီး တစ်ဦးနှင့် အိမ်အကူ အမျိုးသမီး တစ်ဦးတို့ကို သံပုံးမတီးခြင်းကို အကြောင်းပြ ကာ သူလျှို၊ ဒလန်ဟု စွပ်စွဲပြီး လက်ပြန်ကြိုး တုပ်နှောင်ကာ သုံးဘီးယာဉ်ဖြင့် လှိုင်သာယာ မြို့နယ် အမှတ်(၇)ရပ်ကွက် သောင်ကြီးဘုန်းတော်ကြီးကျောင်း သို့ ခေါ်ဆောင်၍ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခြင်းများ ပြုလုပ် ခဲ့ကြောင်း၊ သောင်ကြီးဘုန်းတော် ကြီးကျောင်းရှိ သံဃာတော်များက ကျောင်းဝင်းအတွင်း နှိပ်စက် ညှဉ်းပန်းမှုများ မပြုလုပ်ရန် မေတ္တာရပ်ခံသဖြင့် အဆိုပါအမျိုး သမီး နှစ်ဦးကို အောင်မေတ္တာ ရပ်ကွက်ရှိ ဆွမ်းလောင်းဓမ္မာရုံသို့ ရွှေ့ပြောင်းခေါ်ဆောင်၍ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ ကြောင်း၊ ယင်းနောက် အမျိုးသမီး ၏ နေအိမ်သို့ ပြန်လည်ခေါ်ဆောင် ကာ နေအိမ်အား သော့ခတ်၍ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှုများ ထပ်မံပြုလုပ်ခဲ့ကြောင်း ဖော်ထုတ် သိရှိခဲ့ရသည်။
မတ် ၁၅ ရက် နံနက် (၁၀) နာရီ ခန့်တွင် လှမျိုးအောင်(ခ)ကိုမျိုး (ခ) ဝက်ကြီးနှင့် အောင်သူရဇော် (ခ)ကတုံး(ခ)သူရတို့သည် အိမ် အကူအမျိုးသမီးအား နေအိမ်တွင် ပိတ်လှောင်ထားခဲ့ပြီး အပြစ်မဲ့ ပြည်သူအမျိုးသမီးအား တွံတေး မြို့နယ် ဗျောက်ရိုးကျေးရွာအနီး သို့ မော်တော်ယာဉ်ဖြင့် ခေါ်ဆောင် ၍ လူသွားလူလာနည်းပါးသည့် နေရာတွင် အသင့်ယူဆောင်လာ သော အရိုးအသွား ကိုးလက်မခန့် ရှိ နှစ်ဖက်သွားဓားဖြင့် ငါးချက် ထိုးခဲ့ကြောင်း၊ အပြစ်မဲ့ပြည်သူ အမျိုးသမီးမှာ ဒဏ်ရာဖြင့်ရုန်းကန် နေစဉ် အောင်သူရဇော် (ခ)ကတုံး (ခ)သူရက ၎င်းအမျိုးသမီးဝတ်ဆင် ထားသည့် လော့ကတ်သီးပါ ရွှေဆွဲကြိုး တစ်ကုံး၊ ရွှေလက်စွပ် တစ်ကွင်းတို့ကို ဖြုတ်ယူပြီး ကား အောက်သို့ဆွဲချကာ ဓားဖြင့် နှစ်ချက် ထပ်မံထိုး၍ ရက်စက်စွာ မသေမချင်းသတ်ဖြတ်ခဲ့ကြောင်း၊ ယင်းနောက် အပြစ်မဲ့ပြည်သူ အမျိုးသမီး၏ အလောင်းအား ချုံပုတ်အတွင်း၌ ပစ်ထားခဲ့ ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။
အထက်ပါဖြစ်စဉ်နှင့် ပတ် သက်၍ အပြစ်မဲ့ပြည်သူအမျိုးသမီး တစ်ဦးအား သူလျှို၊ ဒလန်ဟု စွပ်စွဲ ၍ အကြိမ်ကြိမ် ညှဉ်းပန်းနှိပ်စက် ကာ ရက်စက်စွာသတ်ဖြတ်ခဲ့ သည့် လှမျိုးအောင်(ခ)ကိုမျိုး(ခ)ဝက်ကြီး၊ အောင်သူရဇော်(ခ)ကတုံး(ခ)သူရ၊ တင်ထွန်းအောင် (ခ)မိုးလျှံနှင့် မြင့်မြင့်အေး တို့အား စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ပြီး ပြစ်မှုထင်ရှားသဖြင့် ၂၀၂၁ ခုနှစ် ဧပြီ ၁၂ ရက်တွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ သေဒဏ်ချမှတ်ခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်