
နေပြည်တော် ဒီဇင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး လှိုင် သာယာ (အနောက်ပိုင်း)မြို့နယ်ရှိ “သီတာဆန်း” ဘော်ဒါဆောင်၌ လက်လုပ်မိုင်း ပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အကြမ်း ဖက်သမားတစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၃ ရက် ညနေ ၆ နာရီခွဲခန့်တွင် လှိုင် သာယာ (အနောက်ပိုင်း)မြို့နယ် (၁၂)ရပ်ကွက် ပေါ်ဆန်းမွှေး(၁)လမ်း အမှတ်(၃၈၆/ခ)ရှိ “သီတာ ဆန်း”ဘော်ဒါဆောင်၌ ပေါက်ကွဲ မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့က သွား ရောက်စစ်ဆေးခဲ့ရာ အဆိုပါ ဘော်ဒါဆောင်၌ လာရောက် တည်းခိုနေထိုင်သည့် ကောင်းမြတ် (၁၉)နှစ် (ဘ) ဦးရဲမြင့်ထွန်းသည် လက်လုပ်မိုင်း ပြုလုပ်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး ၎င်းတွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရသဖြင့် ဆေးကုသမှု ခံယူ နိုင်ရေး လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့သည်။
ထိုသို့ အကြမ်းဖက်မှုလုပ်ရပ် များ လုပ်ဆောင်ရန် လက်လုပ်မိုင်း ပြုလုပ်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွား ၍ ထိခိုက်ဒဏ်ရာများဖြင့် ဖမ်းဆီးရမိခဲ့သည့် ကောင်းမြတ် ကို ဥပဒေနှင့်အညီ ထိရောက် စွာ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ သတင်းစဉ်