လှိုင်နှင့် မရမ်းကုန်းမြို့နယ်တို့၌ ကိုဗစ်-၁၉ ကုသရေးစင်တာ ဖွင့်လှစ်ရေးပြင်ဆင်ထားရှိ

 

 

ရန်ကုန်   ဇူလိုင်  ၁၃


ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေး ကောင်စီဥက္ကဋ္ဌ     ဦးလှစိုး နှင့်အဖွဲ့ဝင် ဦးဇော်ဝင်းတို့သည် ယနေ့ နံနက်ပိုင်းတွင် လှိုင်မြို့နယ် တွင်    ကိုဗစ်ကုသရေးစင်တာ အသစ်ဖွင့်လှစ်ရန် ပြင်ဆင်နေမှု၊ မရမ်းကုန်းမြို့နယ်      အင်းလျား စင်တာတွင်  ကိုဗစ် ပိုးတွေ့ လူနာ များ ကုသပေးနေမှုများကို သွား ရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ      လှိုင်မြို့နယ်ရှိ လှိုင်    ကိုဗစ်ကုသရေးစင်တာ တွင် တိုင်းဒေသကြီး    စီမံအုပ်ချုပ် ရေး ကောင်စီ၏      ကြီးကြပ်မှု ဖြင့်   လူနာ   ၇၅၀ ကျော်   ထားရှိ နိုင်ရန်     အိပ်ရာ၊    ခြင်ထောင်၊ ခုတင်နှင့် တစ်ကိုယ်ရေသုံးပစ္စည်း များ ပြင်ဆင်နေမှုများ၊ အောက်ဆီ ဂျင် လိုအပ်သည့်လူနာ ၂၀၀ စာ အောက်ဆီဂျင်ပိုက်လိုင်းသွယ်တန်း တပ်ဆင်နေမှုများကို      ကြည့်ရှု စစ်ဆေးရာ         အနောက်ပိုင်း ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ   ဦးမိုးဇော်စိုး၊ လှိုင်စင်တာ ကုသရေးတာဝန်ခံ    ဒေါက်တာ ကိုကိုနိုင်တို့က    ရှင်းလင်းတင်ပြ ကြသည်။
ဆက်လက်၍     မရမ်းကုန်း မြို့နယ်ရှိ ကိုဗစ်-၁၉  ကုသရေး ဌာန အင်းလျားစင်တာသို့ ရောက်ရှိ ရာ လူနာများအတွက် အောက်ဆီ ဂျင် ဖြည့်တင်းတပ်ဆင်နေမှုများ၊ အစားအသောက်၊ နေရာထိုင်ခင်း၊ သယ်ယူပို့ဆောင်ရေး၊   စေတနာ့ ဝန်ထမ်းများ     ဖွဲ့စည်းထားရှိမှု အခြေအနေများ၊ စီစီတီဗွီကင်မရာ ဖြင့် စောင့်ကြည့်၍အောက်ဆီဂျင် လိုအပ်သောလူနာများကို အောက် ဆီဂျင်ပြတ်လပ်မှု   မရှိစေရေးနှင့် အခြားကျန်းမာရေးစောင့်ရှောက် ပေးနေမှု     အခြေအနေများကို
ကြည့်ရှုစစ်ဆေးရာ    အင်းလျား စင်တာ   ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး        ဦးစိုးရန်နိုင် နှင့်  တာဝန်ခံ  ဆရာဝန်ကြီးများက လုပ်ငန်းဆောင်ရွက်နေမှု  အခြေ အနေများ၊         စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်ပေးနေ မှုများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက်  ရန်ကုန်တိုင်းဒေသ ကြီး    စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပံ့ပိုးကူညီဆောင်ရွက်ပေး မည့်အစီအစဉ်များနှင့်     လိုအပ် သည်များ  မှာကြားခဲ့ပြီး  တာဝန် ထမ်းဆောင်နေသည့် ဆရာဝန်၊ သူနာပြုနှင့် လူမှုရေးအသင်းအဖွဲ့ များမှ   စေတနာ့ဝန်ထမ်းများကို အားပေးစကား       ပြောကြားခဲ့ ကြောင်း သိရသည်။
ယင်းနောက်  တာမွေမြို့နယ် ကျိုက္ကဆံအားကစားရုံတွင် ထားရှိ သည့် ကိုဗစ်-၁၉  ရောဂါ ကြိုတင် ကာကွယ်ရေး     ပစ္စည်းများကို သွားရောက်ကြည့်ရှု   စစ်ဆေးပြီး တာဝန်ရှိသူများအား ပစ္စည်းများ ဆုံးရှုံးလေလွင့်မှု  မရှိအောင် ဂရု တစိုက်    ထိန်းသိမ်းထားသိုရေး၊ စာရင်းဇယားများ သေချာစွာ ပြုစု ထားရှိရေး   မှာကြားခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)