
နေပြည်တော် နိုဝင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၌ နိုဝင်ဘာ ၂၀ ရက်က ရေယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၀ ရက် နံနက် ၈ နာရီတွင် ကြည့်မြင်တိုင်မြို့နယ် အေးရွာ သမ္ဗန်ဆိပ်မှ လှိုင်မြို့နယ် ဘူတာရုံသမ္ဗန် ဆိပ်သို့ ရန်ကုန်မြစ်ကြောင်းအတိုင်း ကြည့်မြင်တိုင်မြို့နယ် အေးရွာရပ်ကွက်နေ ဦးအောင်ရွှေ(၅၅)နှစ်မောင်းနှင်ပြီး ဇလွန် မြို့နယ် ကလောကျေးရွာနေ ပြည့်အောင်(၁၇)နှစ်လိုက်ပါလာသော သမ္ဗန်ရေယာဉ်သည် မြဝတီဆိပ်ကမ်းရှေ့အရောက်၌ ကြည့်မြင်တိုင် ဘက်မှ ဘုရင့်နောင်တံတားဘက်သို့ ဇလွန် မြို့နယ် သဖန်းကုန်းကျေးရွာနေ မင်းအောင် (၄၂)နှစ်မောင်းနှင်သည့် ရွှေဝါထွန်း(၄) တွန်း/တွဲရေယာဉ်မှ ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးအောင်ရွှေတွင် ဒဏ်ရာများရရှိကာ သေဆုံး သွားခဲ့သောကြောင့် မင်းအောင်အား သက်ဆိုင် ရာ ရဲစခန်း၌ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)