လှိုင်မြို့နယ်၌ ဧရာဝတီဘဏ်ခွဲ (၂၆) အား ဝင်ရောက်လုယက်ခဲ့သူ အမျိုးသားတစ်ဦးကို ဒုစရိုက်မှုမလိုလားသည့် တာဝန်သိပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

 

နေပြည်တော်  စက်တင်ဘာ ၂ 


ရန်ကုန်တိုင်းဒေသကြီး     လှိုင် မြို့နယ်၌  ဧရာဝတီဘဏ်ခွဲ  (၂၆)အား       ဝင်ရောက်လုယက်ခဲ့သူ အမျိုးသားတစ်ဦးကို    ဒုစရိုက်မှု မလိုလားသည့် တာဝန်သိပြည်သူ များ၏    ပူးပေါင်းကူညီမှုဖြင့် အချိန်တိုအတွင်း      ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း     သိရ သည်။

 


ဘဏ်ဝန်ထမ်းကို 
ဓားထောက် ခြိမ်းခြောက်


ဖြစ်စဉ်မှာ ယနေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် ရန်ကုန်တိုင်း ဒေသကြီး၊  လှိုင်မြို့နယ်၊   အမှတ် (၁၀)   ရပ်ကွက်၊    ပြည်လမ်းရှိ ဧရာဝတီဘဏ်ခွဲ (၂၆) ၌ လုယက်မှု ဖြစ်ပွားခဲ့ကြောင်း     သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက    သွား ရောက်စစ်ဆေးခဲ့ရာ အဆိုပါဘဏ် အတွင်းသို့ အသက်(၃၀)နှစ်ခန့်ရှိ MASK      တပ်ဆင်ထားသည့် အမျိုးသားတစ်ဦး  (စိစစ်ဆဲ) ဝင် ရောက်လာပြီး  အသင့်ယူဆောင် လာသောဓားဖြင့် ဘဏ်ဝန်ထမ်းဖြစ် သူ မဆွေဆွေဝင်းကို ဓားထောက် ခြိမ်းခြောက်ကာ ကောင်တာပေါ်ရှိ ငွေများအား    ၎င်းယူဆောင်လာ သည့် ကျောပိုးအိတ်အတွင်း ထည့် ခိုင်းခဲ့ကြောင်း။

 


တာဝန်သိပြည်သူများ
ပူးပေါင်းဆောင်ရွက်


ထိုသို့ ခြိမ်းခြောက်လုယက် နေစဉ် ဘဏ်အတွင်းရှိ  ဝန်ထမ်း များနှင့် တာဝန်သိပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ  လုယက်မှု ကျူးလွန်သူသည်  ကျောပိုးအိတ် ထား၍ ဘဏ်အတွင်းမှ ထွက်ပြေး သွားခဲ့ခြင်းဖြစ်ကြောင်း    သိရှိရ သဖြင့်    လုံခြုံရေးတပ်ဖွဲ့ဝင်များ သည်     တာဝန်သိပြည်သူများ၏ ပူးပေါင်း         ဆောင်ရွက်မှုဖြင့် လုယက်မှုကျူးလွန်ခဲ့သူကို    ဖမ်း ဆီးရမိနိုင်ရေး      ၎င်းထွက်ပြေး လွတ်မြောက်နိုင်သည့်       လမ်း ကြောင်းများအား      အချိန်နှင့် တစ်ပြေးညီ    ပိတ်ဆို့စစ်ဆေး ရှာဖွေခဲ့ရာ    ဘဏ်အတွင်း   ဝင် ရောက်၍ လုယက်မှုကျူးလွန်ခဲ့သူ လှိုင်မြို့နယ် အမှတ် (၁၃) ရပ်ကွက် သီရိမြိုင် ၈  လမ်း၊  တိုက် (၅၉၅) နေ စိုးသီဟ (၂၉) နှစ် (ဘ) ဦးခင်​ဇော်ဦးကို       အဆိုပါရပ်ကွက်၊ မြကန်သာ(၂) လမ်း၊ အမှတ် ၆၇၈ အနီးတွင် ညနေ ၄ နာရီ ၁၅ မိနစ် တွင် ဖမ်းဆီးရမိခဲ့သည်။

 


အမှုဖွင့်လှစ်
အရေးယူနိုင်ရေး


ဖြစ်စဉ်တွင် ဒုစရိုက်မှုကို မလို လားသူ တာဝန်သိပြည်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်း ပိတ်ဆို့ဖမ်းဆီးရမိခဲ့သည့်      လု ယက်မှုကျူးလွန်ခဲ့သူ     တရားခံ စိုးသီဟကို သက်ဆိုင်ရာနယ်မြေ ရဲစခန်း၌ အမှုဖွင့်လှစ်ကာ ဥပဒေ နှင့်အညီ             အရေးယူနိုင်ရေး ဆက်လက်    ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။    


သတင်းစဉ်