လွိုင်လင်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ လှူဒါန်း

 

လွိုင်လင်  စက်တင်ဘာ  ၁၅ 


နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင် ခရိုင်အတွင်းရှိ  ဘုန်းတော်ကြီးကျောင်းများသို့သွားရောက်၍ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယမန်နေ့က လွိုင်လင်မြို့နယ် ပင်လုံမြို့ အောင်မင်္ဂလာဝမ်အဲန်ဘုန်းတော်ကြီးကျောင်းနှင့် စွန်းလွန်းဝိပဿနာကမ္မဋ္ဌာန်းကျောင်းတို့သို့     တာဝန်ရှိသူများသွားရောက်၍     ရဟန်း၊ သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲ လှူဒါန်း ခဲ့ကြောင်းနှင့် လွိုင်လင်ခရိုင်အတွင်းရှိ အခြားဘုန်းတော်ကြီးကျောင်းများ နှင့် ဘာသာရေးကျောင်းများသို့လည်း  ဆက်လက်ထောက်ပံ့  လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။                                    

သတင်းစဉ်