လွိုင်ကော်မြို့၌ သူနာပြု- သားဖွားဒီပလိုမာ(၃)နှစ် သင်တန်းသား သင်တန်းသူများအား အောင်လက်မှတ်အပ်နှင်းခြင်း အခမ်းအနားကျင်းပ

 

လွိုင်ကော်       အောက်တိုဘာ   ၂၄


သူနာပြုနှင့်   သားဖွားသင်တန်းကျောင်း   သတ္တမ အကြိမ်မြောက် အပတ်စဉ်(၂၇) သူနာပြု- သားဖွား ဒီပလိုမာ(၃)နှစ်  သင်တန်းသား  သင်တန်းသူများအား အောင်လက်မှတ်အပ်နှင်းခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့    သူနာပြုနှင့်သားဖွား သင်တန်းကျောင်းခန်းမဆောင်၌ ကျင်းပရာ ကယား ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊  ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊  ကျောင်းအုပ်ကြီးနှင့်   သင်တန်း နည်းပြဆရာ ဆရာမများ၊ သင်တန်းသား  သင်တန်းသူ များနှင့် မိဘများ တက်ရောက်သည်။


ရှေးဦးစွာ    ကယားပြည်နယ်    ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က    အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့်   ပြည်သူများ၏   ကျန်းမာရေး တိုးတက်မြင့်မားလာစေရန်အတွက် ကျောင်းကျန်းမာ ရေးလုပ်ငန်း အဆင့်မြှင့်တင်ရေး၊ ပြည်သူ့ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့်   သူနာပြုနှင့်   သားဖွား ကဏ္ဍတိုးတက်ရေး  စသည့်လုပ်ငန်းကြီး (၃)ရပ်ကို အဓိကထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ ဒီပလိုမာအောင်လက်မှတ်   အပ်နှင်းခြင်းခံရသူများ အနေဖြင့် ခေတ်စနစ်နှင့်အညီ ပြောင်းလဲတိုးတက်နေ သည့် ဆေးဘက်ဆိုင်ရာပညာရပ်များကို သူနာပြု ကောင်းတစ်ဦး၏ အရည်အချင်း၊ ကျင့်ဝတ်များနှင့် အညီ လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိရှိ အကောင် အထည်ဖော်ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိနိုင်ငံ၊ မိမိပြည်နယ်၏ ကျန်းမာရေးအဆင့်အတန်း မြင့်မား လာစေရေးအတွက် အထောက်အကူပြုနိုင်သူများဖြစ် အောင်ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် သူနာပြု- သားဖွားသင်တန်းကျောင်း (လွိုင်ကော်) ကျောင်းအုပ်ကြီး   ဒေါ်မာမာဆွေ က အောင်လက်မှတ်ရရှိသော သင်တန်းသား သင်တန်းသူ များအား သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းသား သင်တန်းသူများက အကအလှများ၊ သီချင်းများဖြင့် ကပြဖျော်ဖြေကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက သူနာပြုနှင့် သားဖွားသင်တန်း ကျောင်းရှိ သင်တန်းသား  သင်တန်းသူများအတွက် ထောက်ပံ့ငွေနှင့်   အကအဖွဲ့များအတွက်    ဂုဏ်ပြု ချီးမြှင့်ငွေများ   ပေးအပ်ခဲ့ကြပြီး    သင်တန်းသား  သင်တန်းသူများနှင့်  မိဘများအား    ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။ 


ဆက်လက်၍ သူနာပြု- သားဖွားသင်တန်းကျောင်း (လွိုင်ကော်) ကျောင်းအုပ်ကြီးက   သင်တန်းသား သင်တန်းသူ    တစ်ဦးချင်းအား   ဒီပလိုမာအောင် လက်မှတ်များ ပေးအပ်သည်။


 အဆိုပါ ဒီပလိုမာအောင်လက်မှတ် အပ်နှင်းခြင်း အခမ်းအနားတွင် အောင်လက်မှတ်ရရှိသည့် သင်တန်း သား သင်တန်းသူ  ၄၁  ဦးအား   ဒီပလိုမာအောင် လက်မှတ်များ အပ်နှင်းပေးခဲ့ပြီး သက်ဆိုင်ရာတိုင်း ဒေသကြီးနှင့်  ပြည်နယ်အသီးသီးရှိ    ကျန်းမာရေး ဝန်ကြီးဌာန၊  ကုသရေးဦးစီးဌာနရှိ   ဆေးရုံကြီးများ နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဆေးရုံများတွင် သူနာပြု ဝန်ထမ်းများအဖြစ်   တာဝန်ကျရာ   ဒေသများသို့ တာဝန်ထမ်းဆောင်သွားကြမည်ဖြစ်ကြောင်း သိရ သည်။                    

ကိုဇင်(လွိုင်ကော်)