လွိုင်ကော်မြို့၌ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်  စာအောင်ဆုနှင်းသဘင် မင်္ဂလာအခမ်းအနားကျင်းပ

 

လွိုင်ကော်   ဩဂုတ်   ၁၉


ကယားပြည်နယ်   အစိုးရအဖွဲ့ကကြီးမှူး၍    ၂၀၂၁ ခုနှစ်နှင့်   ၂၀၂၂   ခုနှစ်    စာအောင်ဆုနှင်းသဘင် မင်္ဂလာအခမ်းအနားကို ယမန်နေ့က လွိုင်ကော်မြို့  သာသနာ့ဗိမာန်တော်ကြီး၌   ကျင်းပရာ    ကယား ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်မျိုးတင်၊       ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊   ဒေသကွပ်ကဲမှု   စစ်ဌာနချုပ် (လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာများ နှင့်    ဖိတ်ကြားထားသည့်    ဧည့်သည်တော်များ တက်ရောက်ကြသည်။

 


အခမ်းအနားတွင် ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊       လွိုင်ကော်မြို့    ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း     ဆရာတော်ဘဒ္ဒန္တပညာစက္က (မဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ)    အရှင်သူမြတ်ထံမှ   ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည် ကြသည်။

 


ဆက်လက်၍     ဆရာတော်သံဃာတော်များ    ရွတ်ပွားချီးမြှင့်တော်မူသော    ပရိတ်တရားတော် များကို    နာယူကြည်ညိုကြပြီး      ပြည်နယ်ဝန်ကြီးချုပ် က    သာသနာတော်ဆိုင်ရာများကို    လျှောက်ထား သည်။  

 


ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့်  တာဝန် ရှိသူများက ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တွင် ပရိယတ္တိ စာအောင် သံဃာတော်နှင့် သီလရှင်များအား လှူဖွယ် ဝတ္ထုပစ္စည်းများနှင့် စာအောင်ဆု အလှူတော်များကို ဆက်ကပ်လှူဒါန်းပြီး       အဘိဓမ္မာဂုဏ်ထူးဆောင် အောင်မြင်သည့်လူပုဂ္ဂိုလ်အား စာအောင်ဆု ချီးမြှင့် ပေးအပ်သည်။

 


ယင်းနောက် ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ လွိုင်ကော်မြို့   ကျောင်းထိုင်ဘုန်းကြီး   သင်တန်း ကျောင်းဆရာတော်ထံမှ         အနုမောဒနာတရား နာကြား၍    ကုသိုလ်ကောင်းမှု    အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေပြီး “ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု”   သုံးကြိမ်ရွတ်ဆို   အဓိဋ္ဌာန်ပြု၍   မင်္ဂလာ အခမ်းအနားကို ရုပ်သိမ်းသည်။

 


ကယားပြည်နယ်အနေဖြင့်     ဓမ္မာစရိယ၊     ပါဠိ ပထမပြန်နှင့် နိကာယ်စာမေးပွဲများကို  ၂၀၂၁  ခုနှစ် တွင် သံဃာနှင့်သီလရှင် ၁၀၄ ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦး၊ ၂၀၂၂ ခုနှစ်တွင် သံဃာနှင့် သီလရှင်  ၅၂ ပါး  စုစုပေါင်း သံဃာနှင့်သီလရှင် ၁၅၆ ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦးတို့က ဖြေဆိုအောင်မြင်ခဲ့ကြကြောင်း သိရသည်။


ပြည်နယ်(ပြန်/ဆက်)