လွိုင်ကော်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း သူနာပြု-သားဖွားဒီပလိုမာ သုံးနှစ်သင်တန်း ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းပွဲကျင်းပ

 

လွိုင်ကော်  ဇွန်     ၂၃


ကယားပြည်နယ်    လွိုင်ကော်မြို့ သူနာပြုနှင့်  သားဖွားသင်တန်း ကျောင်း၌   အပတ်စဉ်  (၂၈)သူနာပြု-     သားဖွားဒီပလိုမာ သုံးနှစ်သင်တန်း     သင်တန်းသား သင်တန်းသူများ၏  ဂျူတီကုတ် နှင့်  ဦးဆောင်းအပ်နှင်းပွဲ  အခမ်း အနားကို   ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌         ကျင်းပ ရာ     ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊    သူနာပြုနှင့် သားဖွား       သင်တန်းကျောင်းမှ      ကျောင်းအုပ်ကြီး၊ သင်တန်းနည်းပြ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများတက်ရောက်သည်။

 


ရှေးဦးစွာ   ပြည်နယ်ဝန်ကြီး ချုပ်   ဦးဇော်မျိုးတင်က  ပြည်သူ တို့၏  ကျန်းမာရေးဆိုင်ရာ  ကဏ္ဍ တိုးတက်       မြင့်မားလာစေရန် အတွက်  သူနာပြုနှင့်  သားဖွား ကဏ္ဍတိုးတက်ရေး၏ အရေးပါမှု  များ၊နိုင်ငံတော်မှ တစ်မျိုးသားလုံး ၏        ကျန်းမာရေးအဆင့် အတန်း မြင့်မားလာစေရေးအတွက်  ကျန်းမာရေးမူဝါဒများကို    ချမှတ် ပြီး  အကောင်းဆုံး ဆောင်ရွက်ပေး နေမှုများ၊   နိုင်ငံတကာအဆင့်မီ ကျန်းမာရေး    ဝန်ဆောင်မှုများ ပေးနိုင်စေရန်     အရည်အချင်း ပြည့်ဝသော သူနာပြုကောင်းများ လေ့ကျင့်မွေးထုတ် ပေးနိုင်ရေးနှင့် သူနာပြုများ    အနေဖြင့်လည်း လိုက်နာရမည့် ကျင့်ဝတ်များနှင့် အညီ   လူနာများကို   ပြုစု စောင့်ရှောက်ရမည့်  ကိစ္စရပ်များ နှင့်  ပတ်သက်၍  အမှာစကား ပြောကြားသည်။

 


ဆက်လက်၍         ပြည်နယ် ဝန်ကြီးချုပ်က       ဒုတိယနှစ် သင်တန်းမှ  ပထမဆု၊  ဒုတိယဆု၊ တတိယဆုရရှိသော သင်တန်းသူ များကို  လည်းကောင်း ၊ သူနာပြုနှင့်  သားဖွားသင်တန်း ကျောင်း၊    ကျောင်းအုပ်ကြီးက  ပထမနှစ်   သင်တန်းမှ ပထမဆု၊  ဒုတိယဆု၊    တတိယဆုရရှိသော  သင်တန်းသူများကို လည်းကောင်း    ဆုများ          ချီးမြှင့်ပေးအပ်ပြီး      ကျောင်းအုပ်ကြီး           ဒေါ်မာမာဆွေ က    သူနာပြုများ           လိုက်နာရမည့် ကျင့်ဝတ်များ၊ ဆက်လက်လေ့လာ ဆည်းပူးရမည့်  ပညာရေးဆိုင်ရာ အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 


ဆက်လက်ပြီး   သူနာပြုနှင့် သားဖွား   သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့်   တာဝန်ရှိသူ များက သင်တန်းသား သင်တန်းသူ များကို   ဂျူတီကုတ်နှင့်ဦးဆောင်း အပ်နှင်းပေးသည်။

 


ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်      တာဝန်ရှိသူများက  သင်တန်းသား သင်တန်းသူများ ကို  ဆန် ၊ ဆီနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။    


   

ပြည်နယ်(ပြန်/ဆက်)