လှိုင်းဘွဲမြို့နယ် မဲဆမိတ်-နောင်တိုင်-ခုဘိုင်း ကတ္တရာလမ်းသစ်ဖွင့်လှစ်

 

လှိုင်းဘွဲ  အောက်တိုဘာ   ၉


ကရင်ပြည်နယ်  ဘားအံခရိုင်  လှိုင်းဘွဲမြို့နယ် မဲဆမိတ်- နောင်တိုင်-ခုဘိုင်း ကတ္တရာလမ်းသစ်ဖွင့်ပွဲကို အောက်တိုဘာ ၉ ရက် နံနက် ၉ နာရီ ခန့်က မဲဆမိတ်ကျေးရွာ   အခြေခံပညာအထက်တန်းကျောင်း (ခွဲ)ရှေ့ အဆိုပါ လမ်းမုခ်ဦး၌ ကျင်းပသည်။


အဆိုပါ မဲဆမိတ်-နောင်တိုင်-ခုဘိုင်းလမ်း ၂ ဒသမ ၂၅၃ ကီလို မီတာကို   ကရင်ပြည်နယ်    ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဒေါနလူငယ်ကုမ္ပဏီက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ် ငွေလုံးငွေရင်း  ရန်ပုံငွေကျပ် ၂၇၀ ဒသမ ၄၈၁ သန်းဖြင့်   တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး   ကော့လှိုင်း၊  ဝင်းစိန်း၊  နောင်တိုင်၊   ကွမ်ဘီ ကျေးရွာအုပ်စုများရှိ ကျေးရွာပေါင်း ၁၄   ရွာကို    အကျိုးပြုနိုင်မည် ဖြစ်သည်။  


ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို မဲဆမိတ် အထက်တန်းကျောင်း (ခွဲ) ခန်းမ၌    ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်    ဦးစောမြင့်ဦးက အဖွင့်အမှာ စကားပြောကြားပြီး ပြည်နယ်ကျေးလက် လမ်းဖွံ့ဖြိုး ရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးအောင်နိုင် ထွန်းက လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ကျေးလက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကား  ပြန်လည်ပြောကြားပြီး      ပြည်နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန  ညွှန်ကြားရေးမှူးက လမ်းဖွင့်ပွဲ အထိမ်းအမှတ် အလံငယ်များအား နေရာအရောက် လိုက်လံပေးအပ်ခဲ့သည်။


ယင်းနောက်      ကရင်ပြည်နယ်ဝန်ကြီးချုပ်က မဲဆမိတ်-နောင်တိုင်-ခုဘိုင်း      လမ်းမုခ်ဦးအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး  မဲဆမိတ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒရ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစော မြင့်ဦး၊    အရှေ့တောင်တိုင်းစစ်ဌာနချုပ်   ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ်  ဇော်မင်းအောင်၊ ကရင်အမျိုး သား အစည်းအရုံး (KNU) ဘားအံခရိုင် ဥက္ကဋ္ဌ    ပဒို စောအောင်မော်အေးနှင့် ကရင်ပြည်နယ်   နယ်ခြား စောင့်တပ် ဗဟိုအကြံပေးနှင့်       ကွပ်ကဲရေးအဖွဲ့ဝင် ဗိုလ်မှူးကြီး စောကြာအင်းတို့က အဆိုပါလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ   လမ်းဖွင့်ပွဲ  ကမ္ပည်း မော်ကွန်းအား  အမွေးနံ့သာရည်များ  ပက်ဖျန်းပေး ကြပြီး လမ်းကို ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။


စောမျိုးမင်းသိန်း (ပြန်/ဆက်)