
နေပြည်တော် ဩဂုတ် ၂၅
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေ ရေးအစီအစဉ်အရ ကျင်းပသည့်ဆွေးနွေးပွဲအမှတ် စဉ် (၂၀) ကို “လိုက်နာဆောင်ရွက်မှုစစ်ဆေးခြင်း” ခေါင်းစဉ်ဖြင့် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးက လိုက်နာဆောင်ရွက်မှု စစ်ဆေးခြင်း သည် စစ်ဆေးရမည့်ဌာနအဖွဲ့အစည်း၏ အရေးကြီးသောလုပ်ငန်းဆောင်ရွက်ချက်များ၊ ဘဏ္ဍာရေး ဆိုင်ရာများနှင့် သတင်းအချက်အလက်များသည် ဌာန၊ အဖွဲ့အစည်းမှ လိုက်နာရမည့် သတ်မှတ်ပြဋ္ဌာန်း ချက်များနှင့်အညီ လိုက်နာမှု ရှိ၊ မရှိကို စစ်ဆေးခြင်း ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် လိုက်နာ ဆောင်ရွက်မှုစစ်ဆေးခြင်းကို လက်တွေ့ဆောင်ရွက်ခဲ့ သည့် စစ် ဆေးရေးအဖွဲ့မှ စစ်ဆေးရေးလုပ်ငန်းစဉ်များ၊ စစ်ဆေးတွေ့ရှိချက်များနှင့် အတွေ့အကြုံ၊ ဗဟုသုတ များကို ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ရာ ဆွေးနွေး ပွဲသို့ တက်ရောက်လာသူများအနေဖြင့် လက်တွေ့ လုပ်ငန်းခွင်တွင် အကျိုးရှိစွာ ပြန်လည်ကိုးကား အသုံးပြုနိုင်ရန် အလေးအနက်ထား ပါဝင်ဆွေးနွေး ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးခိုင်က လိုက်နာဆောင်ရွက်မှု စစ်ဆေးခြင်း နှင့်စပ်လျဉ်း၍ သီအိုရီပိုင်းနှင့် စစ်ဆေးတွေ့ရှိချက် အပိုင်းတို့ကို ဆွေးနွေးသည်။
ယင်းနောက် တက်ရောက်လာကြသူများက အပြန်အလှန် ဆွေးနွေးမေးမြန်း အကြံပြုကြသည်။
ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး)၊ ဒုတိယအမြဲတမ်းအတွင်း ဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်