လိမ္မော်မျိုးများနှင့် ရှောက်မျိုးရင်းဝင် သစ်သီးပင်များ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးအတွက် ရှောက်၊ လိမ္မော်ပြပွဲ၊ ပြိုင်ပွဲကျင်းပမည်

 

နေပြည်တော်  နိုဝင်ဘာ  ၂၁


စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊  စီမံကိန်းဦးစီးဌာနနှင့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် တို့ ပူးပေါင်းကာ လိမ္မော်မျိုးများ နှင့် ရှောက်မျိုးရင်းဝင် သစ်သီးပင် များ စိုက်ပျိုးထုတ်လုပ်မှု တိုးတက် ရေးအတွက်   ကွင်းပြပွဲ၊    ပြိုင်ပွဲ နှင့် နှီးနှောဖလှယ်ပွဲကို နိုဝင်ဘာ ၂၇ ရက်တွင်  ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန (ရေဆင်း)တွင်   ကျင်းပမည်ဖြစ် ကြောင်း    စိုက်ပျိုးရေး၊   မွေးမြူ ရေးနှင့်      ဆည်မြောင်းဝန်ကြီး ဌာနက  ထုတ်ပြန်  ကြေညာထား သည်။  

 


အဆိုပါ ကွင်းပြပွဲ၊ ပြိုင်ပွဲနှင့် နှီးနှောဖလှယ်ပွဲကို လိမ္မော်မျိုးများ အပါအဝင်     ရှောက်မျိုးရင်းဝင် သစ်သီးပင်များနှင့်    ပတ်သက်၍ မျိုးကောင်းမျိုးသန့်များ ရရှိရေး၊ အထွက်နှုန်းနှင့်  အရည်အသွေး များ တိုးတက်ရေး၊ စားသုံးမှုလုံခြုံ စိတ်ချရသည့် ထွက်ကုန်ပစ္စည်း များရရှိစေရေးနှင့် ပြည်ပပို့ကုန် များ    တိုးမြှင့်စေရေး၊   ဈေးကွက် ခိုင်မာစွာရရှိပြီး သဘာဝပတ်ဝန်း ကျင်    ထိခိုက်မှုကို   လျော့နည်း သက်သာစေမည့်      စိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ   နည်းပညာ များ၊   ပိုးမွှားရောဂါများဆိုင်ရာ ပြဿနာများနှင့်    သွင်းအားစု ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခက်အခဲ များကို ပြေလည်စေရန်  ရည်ရွယ် ကျင်းပရခြင်းဖြစ်ကြောင်း  သိရ သည်။

 


ယင်းပြပွဲတွင်     ပြခန်းများ အနေဖြင့် ကျွဲကောအုပ်စုပြခန်း၊ လိမ္မော်အုပ်စုပြခန်းနှင့်   ရှောက် သံပရာအုပ်စု  ပြခန်းဟူ၍  ပြခန်း ကြီးသုံးခန်း အဓိကထားပြသထား မည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးမှ ရှောက်လိမ္မော်  မျိုးကွဲမျိုးစုံများ၊ သံပရာ၊ ကျွဲကောနှင့် ကမ္ဗလာသီး၊ ဂရိတ်ဖရုသီးစသည့် သစ်သီးမျိုးစုံ ကို ပြသထားမည်ဖြစ်သည်။ ပြပွဲ တွင် တောင်သူများ ကြုံတွေ့နေရ သည့် မျိုး၊ သွင်းအားစု၊ ဈေးကွက်၊ စိုက်စနစ်၊ ရေ၊ မြေ စသည့်စိုက်ရေး ပျိုးရေးပြဿနာများကို ဖြေရှင်း ပေးရန်     စိုက်ပျိုးရေးပညာရှင် များက ဆွေးနွေး အဖြေရှာကြမည် ဖြစ်သည်။ 

 


ထို့ပြင်  ပညာပေးပြခန်းများ တွင် Plant Clinic ပြခန်း၊ ကိုင်းကူး ကိုင်းဆက် နည်းပညာလက်တွေ့ ပြသခြင်း၊     စျေးကွက်သတင်း အချက်အလက်    အသိပညာပေး ပြခန်းများနှင့် ပုဂ္ဂလိကပြခန်းများ အနေဖြင့်  စိုက်ပျိုးရေး  သွင်းအားစု ပြခန်းများဖြစ်သည့်    ဓာတ်မြေ သြဇာနှင့်      အပင်အာဟာရ သွင်းအားစုများပြခန်း၊ ပိုး/မှိုသတ် ဆေးများ  ပြခန်း၊    လုပ်ငန်းသုံး စက်ပစ္စည်း/ ကိရိယာများ ပြခန်း တို့ကို ပြသထားမည်ဖြစ်ကြောင်း သိရသည်။

 


စကားဝိုင်း  ဆွေးနွေးပွဲတွင် သက်ဆိုင်ရာ ပညာရှင်ငါးဦးတို့က မြန်မာနိုင်ငံရှိ   လိမ္မော်စိုက်ပျိုး ထုတ်လုပ်မှု    အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်သူများအကြား အတွေ့အကြုံများ   ဖလှယ်ခြင်း၊ လိမ္မော်     စိုက်ပျိုးထုတ်လုပ်မှု ဆိုင်ရာ   မြေပြင်အခက်အခဲနှင့် ပြဿနာများကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာခြင်း၊  ပြည်ပမှ လိမ္မော် သီးနှံသွင်းကုန်       အစားထိုးခြင်း (သို့မဟုတ်) လျှော့ချနိုင်မည့် အစီ အစဉ်များ အဆိုပြု ဖော်ထုတ်ကြ ရန်နှင့်  လိမ္မော်စိုက်ပျိုး ထုတ်လုပ် သူများနှင့် သက်ဆိုင်ရာ ပညာရှင် များအကြား ပူးပေါင်းဆောင်ရွက်မှု    ကွန်ရက်တိုးချဲ့ တည်ဆောက်ရန် စသည့် ၎င်းတို့၏ အတွေ့အကြုံ များကို ဆွေးနွေး ဖလှယ်ကြမည် ဖြစ်သည်။

 


ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သူများအတွက်လည်း သစ်သီးအုပ်စု များဖြစ်သည့်    ကျွဲကောအုပ်စု၊ လိမ္မော်အုပ်စုနှင့် ရှောက်သံပရာ အုပ်စုဟူ၍ သတ်မှတ်ထားရှိပြီး ပထမဆု၊    ဒုတိယဆု၊   အထူးဆု၊ နှစ်သိမ့်ဆုများ    ချီးမြှင့်ပေးမည် ဖြစ်သည်။    

 

ယခုကဲ့သို့   ပြပွဲ၊   ပြိုင်ပွဲနှင့် ဆွေးနွေးပွဲများ  ကျင်းပခြင်းဖြင့် စိုက်ပျိုးသူတောင်သူများ  ကြုံတွေ့ နေရသော   ပြဿနာနှင့်  အခက် အခဲများကို  ပူးပေါင်းဖြေရှင်းပေးနိုင်မည်ဖြစ်သည့်အပြင် အနာဂတ် ကာလ လိမ္မော် စိုက်ပျိုးထုတ်လုပ်မှု တွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း များ ဖော်ဆောင်နိုင်ရန် အထောက် အကူပြုနိုင်မည်ဖြစ်သည်။

 


ထို့အတူ  လိမ္မော်မျိုးများနှင့် ရှောက်မျိုးရင်းဝင်သစ်သီးပင်များ စိုက်ပျိုးထုတ်လုပ်မှု  ကွင်းဆက် တစ်လျှောက်တွင် ပါဝင်ပတ်သက် နေသည့် စိုက်ပျိုးထုတ်လုပ်သူများ၊ ရောင်းဝယ် ဖောက်ကားနေသူများ၊ စားသုံးသူများအနေဖြင့် စိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ   နည်းပညာ များကို   ယခုပြပွဲတွင်   လေ့လာ သိရှိနိုင်မည်ဖြစ်ကြောင်း    သိရ သည်။


သီဟစည်သူ
 ဓာတ်ပုံ -နေမျိုးသူရိန်