လီဆူတိုင်းရင်းသား သမိုင်းကြောင်းစာအုပ်နှင့် လီဆူတိုင်းရင်းသားဝတ်စုံ လှူဒါန်းခြင်းအခမ်းအနားကျင်းပ

နေပြည်တော်   ဒီဇင်ဘာ   ၈


(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကို ကြိုဆိုသောအားဖြင့်  လီဆူ တိုင်းရင်း သား  သမိုင်းကြောင်းစာအုပ်နှင့်   လီဆူ တိုင်းရင်းသား ဝတ်စုံလှူဒါန်းခြင်း အခမ်း အနားကို    ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး၏  ဧည့်ခန်းမ၌ ကျင်းပသည်။


တက်ရောက်


အခမ်းအနားသို့   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်  မန်းငြိမ်းမောင်၊ ပြည်ထောင်စုဝန်ကြီး     ဦးစောထွန်း အောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေး မောင်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။


အခမ်းအနားတွင်   သမိုင်းပညာရှင် ဒေါက်တာခင်စောနွဲ့ (ပါမောက္ခ/ ဌာနမှူး-  ငြိမ်း)   ရန်ကုန်တက္ကသိုလ်က   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင် နှင့်  ပြည်ထောင်စုဝန်ကြီး  ဦးစောထွန်း အောင်မြင့်တို့ထံ     လီဆူတိုင်းရင်းသား သမိုင်းကြောင်း    စာအုပ်အား  ပေးအပ် လှူဒါန်းခဲ့ပြီး   နေပြည်တော်ရှိ   လီဆူ တိုင်းရင်းသား      မျိုးနွယ်စုကိုယ်စား ဦးဇယ်ဒေါင်(ခ) လာအားဆာက    လီဆူ တိုင်းရင်းသားဝတ်စုံများကို ပြည်ထောင်စု ဝန်ကြီးထံ ပေးအပ်လှူဒါန်းသည်။
  ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်


ယင်းနောက်   တိုင်းရင်းသား  လူမျိုး များရေးရာဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီးက    ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ 
အခမ်းအနားတွင်      ပြည်ထောင်စု ဝန်ကြီးနှင့်  ဒုတိယဝန်ကြီးတို့က အမှာ စကားပြောကြားသည်။


အထွေထွေ ဆွေးနွေး


ထို့နောက်    ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်    တာဝန်ရှိသူများ၊  မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများက အထွေထွေ ဆွေးနွေးကြသည်။ယင်းနောက်  ပြည်ထောင်စုဝန်ကြီးက “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပထမအကြိမ် နှင့်  ဒုတိယအကြိမ်တို့တွင် အောင်မြင်မှု များ   ရရှိသကဲ့သို့   ယခုပြုလုပ်မည့် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ”(တတိယ)အကြိမ် ပွဲတော်ကို Virtual Celebration ဖြင့် ကျင်းပထုတ်လွှင့်ခြင်းဖြင့် တစ်ကမ္ဘာလုံး က  ကြည့်ရှုနိုင်မည်ဖြစ်သည့်အတွက် အခက်အခဲ   စိန်ခေါ်မှုများရှိသော်လည်း စည်းလုံးညီညွတ်စွာဖြင့်    ဆောင်ရွက် မည်ဆိုပါက အောင်မြင်မည်ဖြစ်ကြောင်း ပြောကြားသည်။ 


သတင်းစဉ်