လီဗာပူးရဲ့ နိုင်ပွဲဆက်မှုမှတ်တမ်းကို အိမ်ကွင်းမှာ စပါးအသင်း ရပ်တန့်သွားနိုင်မလား . . .

 

ယခုတစ်ပတ် ယှဉ်ပြိုင်ကစားမယ့် ပရီမီယာလိဂ်ပွဲစဉ် (၇) မှာ စပါးနှင့် လီဗာပူး  ထိပ်တိုက်ဆုံတွေ့နေတဲ့ပွဲစဉ်အပါအဝင်   ခြေစွမ်းအတက် ဘက်ရောက်နေတဲ့    မန်ယူက ခရစ္စတယ်ပဲလေ့စ်၊ ပုံမှန်ခြေစွမ်း ပြန်ရဖို့ ကြိုးစားနေတဲ့ ချယ်ဆီးက ဖူလ်ဟမ်အသင်းတို့နဲ့ ဆုံတွေ့နေ ပါတယ်။


မကြာသေးမီ   စက်တင်ဘာ ၂၇ ရက်က  လိဂ်ဖလားပြိုင်ပွဲမှာ    ဒီနှစ်သင်းတွေ့ဆုံထားပြီး မန်ယူ က   သုံးဂိုးပြတ်   အနိုင်ရရှိထား တယ်။    ဒါကြောင့်   ဒီတစ်ကြိမ် တွေ့ဆုံမှုမှာ     ပဲလေ့စ်အသင်း အနေနဲ့ အဲ့ဒီရှုံးကြွေး ပြန်ဆပ်ကာ ရလဒ်ကောင်း   ရရှိသွားမလား သို့မဟုတ် ရှုံးပွဲထပ်မံကြုံတွေ့သွား မလား   စောင့်ကြည့်ရမှာ   ဖြစ်ပါ တယ်။ ဒီပွဲစဉ်ကို စနေနေ့ ည ၈ နာရီခွဲမှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ 


နယူးကာဆယ်နဲ့ ဘန်လေ


နယူးကာဆယ်က    ပြီးခဲ့တဲ့ လိဂ်ပွဲမှာ ရှက်ဖီးကို  အံ့အားသင့် ဖွယ်ဂိုးပြတ်   အနိုင်ရရှိထားတာ ကြောင့်    ခြေစွမ်းထက်မြက်နေ တယ်။  ဘန်လေအသင်းက    လိဂ် ငါးပွဲကစားပြီးခဲ့သည့်တိုင်   နိုင်ပွဲ မရရှိသေးတာကြောင့် ယခုပွဲစဉ် မှာ ပထမဆုံး   လိဂ်နိုင်ပွဲရရှိရေး အားစိုက်ကစားလာမှာ    သေချာ တယ်။ ဒီပွဲစဉ်ကိုလည်း စနေနေ့ ည  ၈  နာရီခွဲမှာ ယှဉ်ပြိုင်ကစား သွားမှာပါ။ 


စပါးနဲ့ လီဗာပူး


ခြေစွမ်းထက်နေတဲ့ အသင်း အချင်းချင်း  တွေ့ဆုံမှုဖြစ်တဲ့အပြင် နှစ်သင်းကြား    ရမှတ်ကွာဟမှု ကလည်း    ကျဉ်းမြောင်းနေတာ ကြောင့် ယခုပွဲစဉ်က ယခင်ပွဲစဉ် တွေထက်    ပြိုင်ဆိုင်မှုပိုပြင်းထန် လာမှာသေချာတယ်။    ဒီနှစ်သင်း တွေ့ဆုံတိုင်း        အပြန်အလှန် သွင်းဂိုးတွေ      မြင်တွေ့ရလေ့ရှိ တယ်။ ဒီပွဲစဉ်ကို  စနေနေ့  ည ၁၁ နာရီမှာ   ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။        

               
မိုးစက်