လိဂ်ဖလားတတိယအဆင့်မှ မန်စီးတီးထွက်ခဲ့ရပြီး အာဆင်နယ်၊ ချယ်ဆီး၊ လီဗာပူးတို့ နောက်တစ်ဆင့်တက်

 

လိဂ်ဖလားပြိုင်ပွဲ တတိယအဆင့်မှ စက်တင် ဘာ ၂၈ ရက် နံနက်ပိုင်းက  ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲစဉ်များတွင်   အာဆင်နယ်၊  ချယ်ဆီး၊ လီဗာပူးအသင်းတို့     နိုင်ပွဲကိုယ်စီရရှိခဲ့ကာ မန်စီးတီးအသင်း ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရပြီ ဖြစ်သည်။ 
အာဆင်နယ်အသင်းက ဘရန့်ဖို့ဒ်အသင်း နှင့် ယှဉ်ပြိုင်ကစားခဲ့ရပြီး နယ်ဆင်၏ တစ်လုံး တည်းသော  သွင်းဂိုးဖြင့်   အနိုင်ရရှိခဲ့သည်။ အဆိုပါပွဲစဉ်တွင်  ဘရန့်ဖို့ဒ်အသင်းက  ပွဲချိန် တစ်လျှောက်     ဖိအားပေးကစားနိုင်ခဲ့သော် လည်း   နိုင်ပွဲရသည်အထိ   လုံလောက်သည့် စွမ်းဆောင်မှုမျိုး ပြသနိုင်ခြင်း မရှိသည့်အတွက် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ 
ချယ်ဆီးနှင့်    တိုက်စစ်ထက်မြက်သည့် ဘရိုက်တန်အသင်းပွဲစဉ်တွင်      ချယ်ဆီးက ဂျက်ဆင်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲစုံနောက်ဆုံးသုံးပွဲဆက် နိုင်ပွဲမရရှိမှု မှတ်တမ်းကို ချိုးဖျက်နိုင်ခဲ့သည်။ ဘရိုက်တန်အသင်းက တုံ့ပြန်ကစားပုံကောင်းမွန်မှု ရှိခဲ့ပြီး ချယ်ဆီးအသင်းကို အခက်တွေ့အောင် ကစားထားနိုင်ခဲ့သည်။ 
လီဗာပူးနှင့်   ချန်ပီယံရှစ်ကလပ်   လက်စတာအသင်းပွဲစဉ်တွင် လီဗာပူးအသင်းက ဂိုးပြတ်နိုင်ပွဲရရှိပြီး   နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ သည်။   နယူးကာဆယ်နှင့်  မန်စီးတီးအသင်းပွဲစဉ်တွင် နယူးကာဆယ် အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် နိုင်ပွဲရရှိကာ   နောက်တစ်ဆင့် တက်လှမ်း နိုင်ခဲ့သည်။ ပြီးခဲ့သည့် ပွဲစဉ်မှ  ကစားသမားစာရင်းကို   ရှစ်ဦးအထိ အပြောင်းအလဲပြုလုပ်ကာ   နယူးကာဆယ်အသင်းကို ရင်ဆိုင်လာခဲ့သော   မန်စီးတီးအသင်း အခွင့်အရေးကောင်းတချို့ ပိုင်ဆိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည့် အတွက် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီ ဖြစ်သည်။  အောင်ဇော်