
စက်တင်ဘာ ၂၈ ရက် နံနက် ၁ နာရီခွဲက အိုးထရက်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် လိဂ်ဖလား တတိယအဆင့်မှ မန်ယူနှင့် ခရစ္စတယ် ပဲလေ့စ်အသင်းပွဲစဉ် တွင် မန်ယူအသင်းက သုံးဂိုးပြတ် အနိုင်ရရှိကာ နောက်တစ်ဆင့်သို့ ထိုက်ထိုက်တန်တန် တက်လှမ်း နိုင်ခဲ့သည်။
မန်ယူအသင်းသည် ပြီးခဲ့သည့် ပွဲစဉ်မှ ကစားသမားစာရင်းကို ခုနစ်ဦးအထိ အပြောင်းအလဲ ပြုလုပ်ကာ ပဲလေ့စ်အသင်း ကို ရင်ဆိုင်လာခဲ့ပြီး ပွဲချိန် တစ်လျှောက် ခံစစ်၊ ကွင်းလယ် နှင့် တိုက်စစ် အချိတ်အဆက်
မိမိ တွဲဖက်ကစားနိုင်ခဲ့သည်။ ပြိုင်ဘက် ပဲလေ့စ်အသင်းက ခြေစွမ်း ပြသနိုင်ခြင်းမရှိဘဲ မန်ယူအသင်းဘက်သို့ ရံဖန်ရံခါမှသာ တိုက်စစ်ဆင် ကစားနိုင်ခဲ့သည်။
ပဲလေ့စ်အသင်းသည် ယခုပွဲစဉ်ရှုံးနိမ့်မှုကြောင့် ပြိုင်ပွဲစုံ နောက်ဆုံး သုံးပွဲတွင် တစ်ပွဲသရေ၊ နှစ်ပွဲရှုံး ရလဒ်ဖြင့် နိုင်ပွဲပျောက်ဆုံးသည့် မှတ်တမ်းပိုင်ဆိုင်ခဲ့သည်။ မန်ယူအသင်းအတွက် သွင်းဂိုးများကို ဂါနာချို၊ ကက်စမဲရိုးနှင့် မာရှယ်တို့က သွင်းယူပေးနိုင်ခဲ့သည်။ မန်ယူနှင့် ပဲလေ့စ် အသင်းမှာ လာမည့် စနေနေ့တွင်လည်း ပရီမီယာလိဂ် ပွဲစဉ် (၇) တွင် ဆက်လက် ယှဉ်ပြိုင်ရဦးမည်ဖြစ်သည်။
လိဂ်ဖလားပြိုင်ပွဲ တတိယအဆင့်မှ အခြားသော ပွဲစဉ်ရလဒ်များတွင် အစ်ဆွစ်က ဝုဖ်ကို သုံးဂိုး-နှစ်ဂိုး၊ အိတ်စတာက လူတန်ကို တစ်ဂိုး-ဂိုးမရှိ၊ ပေါ့သ်ဗေးက ဆူလ်တန်ကို နှစ်ဂိုး-တစ်ဂိုး၊ မစ်ဒယ်ဘရော့က ဘရတ်ဖို့ဒ်ကို နှစ်ဂိုးပြတ်၊ ဘန်လေက ဆောလ်ဖို့ဒ်ကို လေးဂိုးပြတ် အနိုင်ရရှိခဲ့ပြီး မန်းစ်ဖီးလ်နှင့် ပီတာဘရော့အသင်းပွဲစဉ်တွင် တစ်ဖက် နှစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။
အောင်ဇော်