
နေပြည်တော် ဩဂုတ် ၂၅
မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ အထူး ရန်ပုံငွေ ၂၀၂၁ ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် “နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် ပတ်သက် ၍ လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာ စစ်ဆေး ခြင်းနှင့် ဆန်းစစ်ခြင်းဆိုင်ရာ စီမံ ကိန်း” ၏ “လေထုအရည်အသွေးတိုင်းတာခြင်းဆိုင်ရာ သင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel အစည်း အဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနား သို့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီး ဦးထွန်းအုံ တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနား သို့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီးများ၊ အမြဲ တမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဦးဆောင်ညွှန်ကြားရေး မှူးများ၊ သက်ဆိုင်ရာ ဌာနများမှ ကိုယ်စားလှယ်များ၊ Myanmar Environmental Innovation Foundation မှ ကျွမ်းကျင်ပညာ ရှင်များနှင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာနမှ သင်တန်း သားများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ သင်တန်းသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ ၂၀၂၁ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် “နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု နှင့် ပတ်သက်၍ လေထုအရည် အသွေး စောင့်ကြည့်တိုင်းတာ စစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်း ဆိုင်ရာစီမံကိန်း” ၏ စီမံကိန်း လုပ်ငန်းတစ်ခုအနေဖြင့် ကျင်းပ သည့် သင်တန်းဖြစ်သည်။
အဆိုပါ သင်တန်းတွင် လေထုအရည်အသွေး တိုင်းတာ ခြင်းနှင့် လေထုအရည်အသွေး အချက်အလက်များအား လေ့လာ ဆန်းစစ်ခြင်းဆိုင်ရာ နည်းစနစ် များကို သင်ကြားပြသခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်း၊ ကမ္ဘာ တစ်ဝန်းတွင် လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေမှု အခြေအနေများ၊ ဆောင်ရွက်လျက်ရှိသော လုပ်ငန်း များနှင့် ဖြေရှင်းဆောင်ရွက်နေမှု အခြေအနေများ၊ နယ်စပ်ဖြတ် ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် ပတ်သက်၍ ဆောင်ရွက်လျက် ရှိသော လုပ်ငန်းများ၊ လေထု ညစ်ညမ်းမှုနှင့် ပတ်သက်ပြီး သုတေသန ပြုလုပ်ခြင်းဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်းသင် ကြားပြီး သင်တန်းကို ယနေ့မှ ဩဂုတ် ၂၉ ရက်အထိ နေပြည် တော်ရှိ Grand Amara Hotel အစည်းအဝေးခန်းမ၌ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်