လေထိုးရဲတိုက်ပေါ်မှ ပြုတ်ကျသည့် ကလေးငါးဦးသေဆုံး

 

ဆစ်ဒနီ  ဒီဇင်ဘာ  ၁၇


ကလေးငယ်များဆော့ကစားရာ လေထိုးရဲတိုက်ပေါ်မှ ပြုတ်ကျသည့် ကလေးငယ်ငါးဦး သေဆုံးသွားသည် ဟု ဩစတြေးလျရဲများက ပြောသည်။ အဆိုပါဖြစ်ရပ်မှာ တက်စ်မေးနီးယားပြည်နယ် ဒက်ဗွန်ပို့မြို့ရှိ မူလတန်းကျောင်းတွင် ဒီဇင်ဘာ ၁၆ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။  

 


လေထိုးရဲတိုက်ပေါ်တွင်    ကျောင်းသားများ ဆော့ကစားနေကြစဉ်  လေပြင်းရုတ်တရက်တိုက် ခတ်မှုကြောင့်   လေထိုးရဲတိုက်နှင့်   ကလေးများ မထိခိုက်စေရန် ထားရှိထားသည့်  ပျော့ပျောင်းသောအရာဝတ္ထုများလေနှင့်အတူ လဲပြိုသွားခဲ့သည်။
ယင်းဖြစ်စဉ်ကြောင့် ကလေး  ကိုးဦး ၁၀ မီတာ အမြင့်မှ  မြေပြင်ပေါ်သို့ ကျသွားခဲ့သည်။  လေးဦး မှာ  ဒဏ်ရာရရှိခဲ့ပြီး  ဆေးရုံ၌   ကုသမှုခံယူနေရ သည်။  

 


လေထိုးရဲတိုက်နှင့်    အခြားသောပစ္စည်းများမှာ နွေရာသီပိတ်ရက်မတိုင်မီ   ကျောင်းနောက်ဆုံးနေ့ ကျင်းပရန် ပြင်ဆင်ထားသည့်အရာများ ဖြစ်သည်။ ကျောင်းသားငယ်များမှာ  မိသားစုများနှင့် ပျော်ရွှင် ဖွယ်နေ့ရက်  အတူဖြတ်သန်းနိုင်ခဲ့သော်လည်း ယခု နှစ်တွင်မူ ကြေကွဲဖွယ်ရာဖြစ်ရပ် ဖြစ်သွားခဲ့သည်ဟု ဩစတြေးလျဝန်ကြီးချုပ်    စကော့မော်ရစ်ဆင်က ပြောသည်။ 
လိုအပ်သည့် အကူအညီများပေးသွားရန်အတွက် လည်း    ဒေသခံအာဏာပိုင်များနှင့်   နီးကပ်စွာ အလုပ်လုပ်ကိုင်သွားမည်ဟု       မော်ရစ်ဆင်က  ပြောသည်။


အင်န်အိတ်ချ်ကေ