
နေပြည်တော် စက်တင်ဘာ ၂၈
ယနေ့ မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသောအရှေ့ မြောက်ပိုင်းတို့တွင် နောက် ၂၄ နာရီအတွင်း လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ရွေ့လျား နိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ ၁-၁၀-၂၀၂၃ ရက်နေ့တွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိ နိုင်ပြီး အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေတို့ကို ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။ မိုး/ဇလ