လေဖိအားနည်းရပ်ဝန်းမှ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာနိုင်

 

နေပြည်တော်   အောက်တိုဘာ   ၁၉


ယ‌နေ့မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် တို့တွင် နောက် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ် နိုင်သည်ဟု ခန့်မှန်းရသည်။ 

 


အဆိုပါ လေဖိအားနည်းရပ်ဝန်းသည်   အနောက်-အနောက် မြောက်ဘက်သို့   ရွေ့လျားနိုင်ပြီး၊    အောက်တိုဘာ ၂၂ ရက်တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌      မုန်တိုင်းငယ်အဖြစ်သို့ လည်းကောင်း၊   ထိုမှတစ်ဆင့်   အောက်တိုဘာ ၂၄  ရက်တွင်  ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ လည်းကောင်း အားကောင်းလာနိုင်သည်ဟု ခန့်မှန်းရသည်။


 မိုး/ဇလ