
နေပြည်တော် နိုဝင်ဘာ ၁၄
ယနေ့ညနေ ၆ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီ - နီကိုးဘားကျွန်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း သည် ပိုမိုအားကောင်းလာပြီး အားကောင်းသောလေဖိအားနည်း ရပ်ဝန်း(Well Marked Low Pressure Area) အဖြစ်သို့ ရောက်ရှိခဲ့ သည်။ အဆိုပါအားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်း လာနိုင်ကာ နိုဝင်ဘာ ၁၅ ရက်တွင် ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်း၌ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။
ထို့နောက် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နိုဝင်ဘာ ၁၆ ရက်တွင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၊ အင်ဒရာပရာဒေ့ရှ်ကမ်းလွန်တွင် အားကောင်းသောမုန်တိုင်းငယ် အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ပြီး ထိုမှတစ်ဆင့် မြောက် - အရှေ့ မြောက်ဘက်သို့ ပြန်ကွေ့ကာ နိုဝင်ဘာ ၁၇ ရက်တွင် ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်း၊ ဩရိဿကမ်းလွန်သို့ ရောက်ရှိ နိုင်သည်ဟု ခန့်မှန်းရသည်။
မိုး/ဇလ