လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်

နေပြည်တော်  မေ  ၂၁
ယနေ့မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း တွင် နောက် ၂၄ နာရီအတွင်း လေဖိအားနည်း ရပ်ဝန်း(Low Pressure Area) တစ်ခု ဖြစ်ပေါ်နိုင် သည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ကနဦးတွင် အရှေ့မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းတွင် မေ ၂၄  ရက်၌  မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိ နိုင်သည်ဟု ခန့်မှန်းရသည်။                           
  မိုး/ဇလ