လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိ

 

နေပြည်တော်  စက်တင်ဘာ  ၁၉


ယနေ့ ညနေ ၅  နာရီခွဲ  တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊အနောက် ဘင်္ဂလားပြည်နယ်ကမ်းလွန် - ဩရိဿပြည်နယ် ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ဆက်လက်တည်ရှိနေသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၄၈ နာရီ အတွင်း အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ်မြောက်ပိုင်း နှင့် ဂျက်ခန်းပြည်နယ်တောင်ပိုင်းတို့ကို ဖြတ်ကျော် နိုင်သည်ဟု ခန့်မှန်းရသည်။                  

 မိုး/ဇလ