လေးမျက်နှာ ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် မဲဇလီကျေးရွာအုပ်စုနှင့် လက်သမား မြန်မာ ကျေးရွာအုပ်စုတို့မှ ငဝန်မြစ်ရေတိုက်စားမှု ကြောင့် ကမ်းပြိုကျ၍ ပြောင်းရွှေ့ရသော အိမ်ထောင်စုများအား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ဇူလိုင် ၈ ရက်က ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှူးရုံး တာဝန်ရှိသူများနှင့် လေးမျက်နှာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကမ်းပြိုကျ၍ ပြောင်းရွှေ့ရသော အိမ်ထောင်စု ငါးစုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ ငွေကျပ် ၅၀၀၀၀၀၊ လူဦးရေ ၁၆ ဦးအတွက် ခုနစ်ရက်စာ ဆန်ရိက္ခာဖိုး ကျပ် ၃၃၆၀၀ တို့ကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။
လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာ များမှာ ငဝန်မြစ်ကမ်းဘေးတွင်ရှိသောကြာင့် နှစ်စဉ် သဘာဝဘေးအန္တရာယ်များ ကျရောက် လျက်ရှိပြီး ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် မြို့နယ်အတွင်း ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက် ဆုံးရှုံးမှုများကို ထောက်ပံ့ငွေများပေးအပ်လျက် ရှိသည်။
မြို့နယ် (ပြန်/ဆက်)



