လေးမျက်နှာမြို့နယ်၌ အသေးစားဓာတ်အားစနစ်ဖြင့် ကျေးရွာမီးလင်းရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိ

 

လေးမျက်နှာ အောက်တိုဘာ ၃


သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး    ဦးစီးဌာနမှ လေးမျက်နှာမြို့နယ်      စောပြာ ကျေးရွာတွင် ၂၀၁၈-၂၀၁၉ဘဏ္ဍာ နှစ်  အမျိူးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း      အသေးစား ဓာတ်အားစနစ်ဖြင့်  မီးလင်းရေး လုပ်ငန်း   အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။


အသေးစားဓာတ်အား  စနစ် ဖြင့် နေ့စဉ်လျှပ်စစ် ၁၆၀ကီလိုဝပ်  ထုတ်လုပ်ပြီး    ကျေးရွာရှိ အိမ်ခြေ ၁၈၈အိမ်၊ လူဦးရေ ၉၄၀ အတွက် အကျိုးပြု   နိုင်မည်ဖြစ်သည်။ အဆိုပါ    မီးလင်းရေးလုပ်ငန်း  ဆောင်ရွက်မှု  အခြေအနေများကို   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန    တိုင်းဒေသကြီး ဦးစီးမှူး ဦးနေထက်ရှိန်၊  ဟင်္သာတ ခရိုင် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမြင့် သန်းဝင်းနှင့်    တာဝန်ရှိသူများ သည်     ယမန်နေ့ ညနေပိုင်းက ကြည့်ရှုစစ်ဆေးရာ Mandalay Yoma Energy Co.,Ltd.မှ အင်ဂျင် နီယာ   ဦးကောင်းထက်မွန်နှင့် တာဝန်ရှိသူများက     လျှပ်စစ် ဓာတ်အားသုံးစွဲမှု အခြေအနေများ၊  ပြည်သူများမှ      ထည့်ဝင်ငွေ ပေးသွင်းမှုပုံစံများ၊  ပြည်သူထည့် ဝင်ငွေကို         တစ်အိမ်ချင်းစီ ပေးသွင်းမှုပုံစံများ၊     လစဉ်မီတာခ ကောက်ခံမှု         နှုန်းထားများ၊    ကျေးရွာမှလစဉ်သုံးစွဲသည့် ဓာတ် အား(မီတာ)  အခြေအနေများ စသည့်  လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်ထားရှိမှု   အခြေ အနေများကို    ရှင်းလင်းတင်ပြကြ ရာ    ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက     လိုအပ်သည်များကို   ပေါင်းစပ်ညှိနှိုင်း    ပေးခဲ့ကြောင်း သိရသည်။


ကျော်ဟိန်း (လေးမျက်နှာ)