လေးကေ့ကော်မြို့သစ်၊ ထီးမယ်ဝါးခီးနှင့်  မယ်ထော်သလေးတစ်ဝိုက် ခိုအောင်းနေထိုင်၍   အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် CRPH ၊ NUG နှင့် PDF အမည်ခံ  အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးထိန်းချုပ်၊  ဒေသခံပြည်သူများ ပြန်လည်နေထိုင်နိုင်ရေး လိုအပ်သည်များဆောင်ရွက်

 

 

နေပြည်တော်  ဒီဇင်ဘာ  ၂၈
ကရင်ပြည်နယ်  မြဝတီမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး  အတွင်း ဖော်ထုတ်    သိမ်းဆည်းရမိခဲ့သော လက်နက်၊ ခဲယမ်းများနှင့် မြဝတီ-ရန်ကုန်ဆက်သွယ်ရေး     လမ်း ကြောင်းတစ်လျှောက် ဖော်ထုတ် ဖမ်းဆီးရမိခဲ့သည့်    လက်နက်၊ ခဲယမ်းများ  အများစုမှာ  ကရင် ပြည်နယ် လေးကေ့ကော်မြို့သစ်ရှိ လူသားချင်းစာနာထောက်ထားမှု ခေါင်းစဉ်ဖြင့်  ပုန်းကွယ်နေထိုင်ကြ သည့် အကြမ်းဖက်သမားများအနေ ဖြင့် ၎င်းမြို့သစ်မှတစ်ဆင့် မြို့ကြီး များသို့   လုံခြုံရေးတပ်ဖွဲ့ဝင်များ အလစ်အငိုက်     နည်းမျိုးစုံဖြင့်      သယ်ဆောင်ခြင်း၊ ပို့ဆောင်ခြင်း များ ပြုခဲ့ကြကြောင်း ဖမ်းဆီးရမိ သူများ၏ ဖော်ထုတ်စစ်ဆေးချက် များအရ    အဆိုပါဒေသအတွင်း   ခိုအောင်းလျက်ရှိသော   NUG  နှင့်  PDF   အကြမ်းဖက်အဖွဲ့များကို    လက်ခံခြင်းမပြုရန် သက်ဆိုင်ရာ   ခေါင်းဆောင်များထံသို့   အသိပေး ခဲ့သော်လည်း  လက်နက်၊   ခဲယမ်း ဖမ်းဆီးရမိမှုများ    ဆက်တိုက် ဖြစ်ပေါ်နေသည့်အတွက်လည်း ကောင်း၊   လေးကေ့ကော်မြို့သစ် မှာလည်း   ငြိမ်းချမ်းရေးရလဒ်၏ ပြယုဂ်တစ်ခု       ဖြစ်နေ၍လည်း ကောင်း  NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများကို  ဖော် ထုတ်      ဖမ်းဆီးသွားမည်ဖြစ် ကြောင်း   ကြိုတင်အသိပေးပြီး လုံခြုံရေးတပ်ဖွဲ့များက    ၂၀၂၁  ခုနှစ်  ဒီဇင်ဘာလ ၁၄  ရက်မှစ၍   စတင်ဆောင်ရွက်ခဲ့သည်။  ထိုသို့ ဆောင်ရွက်ခဲ့ရာတွင်    လေးကေ့ ကော်မြို့သစ်အတွင်း   ဥပဒေနှင့် အညီ ရှာဖွေစစ်ဆေးခြင်း ဆောင် ရွက်ခဲ့ရာ   အကြမ်းဖက်   NUG အမည်ခံအဖွဲ့မှ   PDF  နှင့်  CDM ပြုလုပ်ထားသူ ၂၁ ဦး ဖမ်းဆီးရမိ ခဲ့သည်။ ဒီဇင်ဘာ  ၁၅  ရက်တွင် လည်း  ဖော်ထုတ်ဖမ်းဆီးနေစဉ် KNU/KNLA အဖွဲ့မှ အကြမ်းဖက် မှုကို လိုလားပြီး NCA ကို ဖျက်ဆီး စေလိုသည့်   ခေါင်းဆောင်တချို့ ပါဝင်သော NUG ၊  PDF  အမည်ခံ  အကြမ်းဖက်သမားများက စတင် ပစ်ခတ်       တိုက်ခိုက်ခဲ့သဖြင့်    တပ်မတော်မှ အရာရှိ၊ စစ်သည် များအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် များ ထိခိုက်ကျဆုံး၊ ဒဏ်ရာရရှိ ခဲ့ပြီး တချို့မှာ ဖမ်းဆီးခံခဲ့ရသည်။ 
ထို့ကြောင့်     မိမိကိုယ်မိမိ ခုခံကာကွယ်ရန်        အလို့ငှာ တပ်မတော်အနေဖြင့်    အကန့် အသတ်ဖြင့် အနည်းဆုံးအင်အား ကို   အသုံးပြု၍   ၂၀၂၁   ခုနှစ် ဒီဇင်ဘာ   ၁၅   ရက်မှစ၍ KNU တပ်ခေါင်းဆောင်တချို့နှင့် တပ်ဖွဲ့ တချို့၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်     သမားများအား     ချေမှုန်းတိုက်ခိုက်ခဲ့ရာ   အထက်ပါ အကြမ်းဖက်  အုပ်စုများမှလည်း အင်အားများပြားစွာ စုစည်းလျက်  မိမိတပ်မတော် စစ်ကြောင်းများ အား   နေ့/ည   ဝိုင်းဝန်းပိတ်ဆို့ လျက်     တန်ပြန်တိုက်ခိုက်လာ သဖြင့် တိုက်ပွဲများ ပြင်းထန်လာခဲ့ သည်။ 
ထို့ကြောင် တပ်မတော်အနေ ဖြင့် ထုတ်ပြန်ထားသည့် Rule of Engagement အတိုင်း ROE နှင့် အညီ     လိုအပ်သည့်        အင်အား ထပ်မံဖြည့်တင်းပြီး လေကြောင်း ပစ်ကူဖြင့်  ရန်သူပစ်မှတ်၊  စခန်း များအား ချေမှုန်းတိုက်ခိုက်မှုများကြောင့် တိုက်ပွဲပေါင်း  ၂၅ ကြိမ် ဖြစ်ပွားခဲ့ပြီး  ယနေ့တွင်  လေးကေ့ ကော်မြို့သစ်မှလွှဲ၍ ကျန်အကြမ်း ဖက်သမားများ ခိုအောင်းခဲ့သည့် ထီးမယ်ဝါးခီး၊ မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊     မင်းလက်ပံနှင့် ဖလူးကျေးရွာစသည့် နေရာများ အား ဖော်ထုတ်ဖမ်းဆီးထိန်းချုပ် နိုင်ခဲ့ပြီဖြစ်ပါသည်။      တိုက်ပွဲ ဖြစ်စဉ်များတွင်    အကြမ်းဖက် သမား သောင်းကျန်းသူများထံမှ အလောင်းတချို့နှင့်   ဒသမ   ၅   Sniper  စက်သေနတ်ကြီး  အပါ အဝင်လက်နက်မျိုးစုံ  ၁၉ လက် နှင့်     ခဲယမ်းများ၊    ပြုလုပ်ဆဲ လက်လုပ်သေနတ်များ သိမ်းဆည်း ရမိခဲ့ပြီး   အကြမ်းဖက်   သောင်း ကျန်းသူအဖွဲ့များ  အနေဖြင့်လည်း ဖရိုဖရဲထွက်ပြေးလျက်ရှိကြောင်း သိရှိရပါသည်။
အဆိုပါ   တိုက်ပွဲများကြောင့် အပြစ်မဲ့       ပြည်သူလူထုများ   တစ်ဖက်နိုင်ငံသို့      ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရှိရ၍ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် များက     ပြန်လည်နေထိုင်နိုင်ရေး အတွက် ယနေ့တွင် အသံချဲ့စက် များဖြင့် ကရင်ဘာသာ၊ မြန်မာ ဘာသာစကားများ   အသုံးပြု၍   ဖိတ်ခေါ်လျက်ရှိကြောင်း သိရှိရ ပါသည်။ ၎င်းအပြင်တိုက်ပွဲအတွင်း  အပြစ်မဲ့ပြည်သူများ   မိမိနေထိုင် ရာ   ကျေးရွာများသို့   အမြန်ဆုံး ပြန်လည်အခြေချ    နေထိုင်နိုင်ရန် အတွက်လည်း      ထိုင်း-မြန်မာ   နယ်ခြားကော်မတီများမှ  ညှိနှိုင်း ဆောင်ရွက်ရန်     စီစဉ်လျက်ရှိ ကြောင်း သိရှိရပါသည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များ   အနေဖြင့်လည်း ဆက်လက်၍   လေးကေ့ကော် မြို့သစ် တစ်ဝိုက်အား  အကြမ်း ဖက်     သောင်းကျန်းသူများ   မရှိ စေရေး      ဖော်ထုတ်ဖမ်းဆီးခြင်း များနှင့်       လုံခြုံရေးလုပ်ငန်းများ   ဆက်လက်    ဆောင်ရွက်သွား မည်ဖြစ်ကြောင်း     သတင်းရရှိ သည်။                       သတင်းစဉ်